အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် မာရှေရာနို မှတ်တမ်းဝင်

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် မာရှေရာနို မှတ်တမ်းဝင်
Published 17 June 2018

Photo: Bloomberg

အာဂျင်တီးနား ဝါရင့်ကွင်းလယ်လူ မာရှေရာနိုသည် နိုင်ငံအသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

တရုတ်စူပါလိဂ်ကလပ် ဟီဘေးချိုင်းနားအသင်းတွင် ကစားနေသည့် မာရှေရာနို (၃၄ နှစ်)သည် အိုက်စလန်နှင့် ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် ၎င်း၏ အာဂျင်တီးနားအသင်းအတွက် ကစားသည့်ပွဲအရေအတွက်မှာ (၁၄၄)ပွဲအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

ယခင်က အာဂျင်တီးနားအသင်းအတွက် ပွဲအများဆုံးကစားထားသူမှာ နောက်ခံလူဟောင်း ဇနက်တီ (၁၄၃ ပွဲ)ဖြစ်ပြီး မာရှေရာနိုက (၁)ပွဲအသာဖြင့် စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မာရှေရာနိုသည် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်၂၀၀၃ ခုနှစ်က စတင်ကစားခဲ့ပြီး ပွဲပေါင်း(၁၄၄)ပွဲတွင် (၃)ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent