မိမိ၏လက်ရွေးစင်အသင်းအနာဂတ်ကို ယခုနှစ် ကမ္ဘာ့ဖလားရလဒ်အပေါ်မူတည်၍ ဆုံးဖြတ်သွားမည်ဟု မက်ဆီပြောကြား

မိမိ၏လက်ရွေးစင်အသင်းအနာဂတ်ကို ယခုနှစ် ကမ္ဘာ့ဖလားရလဒ်အပေါ်မူတည်၍ ဆုံးဖြတ်သွားမည်ဟု မက်ဆီပြောကြား
Published 17 June 2018

Photo:Getty Images

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီက မိမိ၏လက်ရွေးစင်အသင်းအနာဂတ်ကို ယခုနှစ်ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် အသင်း၏ရလဒ်အပေါ်မူတည်၍ ဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ အသက်(၃၀)နှစ်ရှိပြီဖြစ်သည့် မက်ဆီက မိမိအနေဖြင့် လက်ရွေးစင်အသင်းတွင် ဆက်ကစား၊ မကစားဆိုသည်ကို ဆုံးဖြတ်ရသေးခြင်းမရှိဘဲ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ရလဒ်မှာ ယင်းဆုံးဖြတ်ချက်အတွက် အဖြေတစ်ခုဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မက်ဆီက '' ဒီကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ (၄)နှစ် တာကာလအတွင်းမှာ ကျွန်တော်တို့ အရေးပါတဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ အထဲမှာအခက်ခဲဆုံးဖြစ်ခဲ့တာကတော့ ဒီကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်မြင်ဖို့ပါပဲ။ ကျွန်တော်တို့ဟာ နောက်ဆုံးကစားခဲ့တဲ့ အီကွေဒေါနဲ့ပွဲပြီးမှ ဒီပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ ရုရှားကိုရောက်နေပါပြီ။ စိတ်အားထက်သန်မှုအပြည့်နဲ့ စတင်ယှဉ် ပြိုင်ဖို့အသင့်ပါပဲ။ ကျွန်တော်တု့ိအသင်းမှာ ကြီး ကျယ်တဲ့ကစားသမားတွေရှိပြီး ပွဲတိုင်းကို အာရုံ စိုက်ကစားသွားမှာပါ။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျွန်တော့်ရဲ့နောက်ဆုံးပြိုင်ပွဲလားလို့ မေးတဲ့သူတွေကို တော့ လက်ရှိအချိန်မှာ မဆုံးဖြတ်ရသေးဘူးလို့ပဲ ပြန်ဖြေရမှာပါ။ သေချာတာကေတော့ ဒီကမ္ဘာ့ဖ လားပြိုင်ပွဲမှာ အာဂျင်တီးနားရဲ့အောင်မြင်မှုအ ပေါ်မူတည်ပြီး ကျွန်တော့်ရဲ့အနာဂတ်ကို ဆုံးဖြတ် သွားပါမယ်'' ဟုပြောကြားခဲ့သည်။

Photo: Getty Images

မက်ဆီသည် ကစားသမားဘဝတွင် ၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၀၇၊ ၂၀၁၅ နှင့် ၂၀၁၆ ကိုပါအမေရိက စသည့် နိုင်ငံတကာပြိုင်ပွဲကြီးးများတွင် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့ဖြစ်ရာ မက်ဆီအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ အောင်မြင်မှုရယူနိုင်ရန် စိတ်အားထက်သန်လျက်သည်။ အာဂျင်တီးနားအသင်းသည် ယနေ့ညတွင် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိုက်စလန်အသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent