ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်နှင့်ရီးယဲလ်အသင်း ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရထား

ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်နှင့်ရီးယဲလ်အသင်း ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရထား
Published 16 June 2018

Photo:AFP

ရီးယဲလ်မက်ဒရစ်အသင်းသည် ရိုးမား အသင်း၏ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း စပိန် အခြေစိုက် Mundo Deportivo သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ရီးယဲလ်အသင်းသည် ကော်စတာရီကာ လက်ရွေးစင်ဂိုးသမား နာဗတ်စ်၏နေရာတွင် အစားထိုးရန် ထိပ်တန်းဂိုးသမားတစ်ဦးရှာဖွေလျက်ရှိပြီး အယ်လစ်ဆန်၏အေးဂျင့်ဖြစ်သူ ဇီမာရီယာနှင့် သဘောတူညီမှုရထားခြင်းဖြစ် ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် အယ်လစ်ဆန်အား ကနဦးငါးနှစ်စာချုပ်နှင့် ထပ်တိုးတစ်နှစ် စုစုပေါင်း ခြောက်နှစ်စာချုပ် ချုပ်ဆိုရန် ဇီမာရီယာနှင့် သဘောတူညီမှုရထားပြီး ပြောင်းရွှေ့ကြေးအတွက် ရိုးမား အသင်းနှင့် ဆက်လက်ညှိနှိုင်းရမည်ဖြစ်သည်။

ရီးယဲလ်အသင်းသည် အယ်လစ်ဆန်အား ဂိုး သမားများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင် ၅၂ သန်း၊ ထပ်ဆောင်းငွေ ပေါင် ၄ ဒသမ ၄ သန်းဖြင့် ကမ်းလှမ်းရန်စီစဉ် ထားသော်လည်း ရိုးမားအသင်းက ပေါင်သန်း ၇၀ အထိ အလိုရှိနေသည်။

ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ဂိုးမပေးရသည့်ပွဲ ၂၂ ပွဲအထိရှိခဲ့သည့် အယ်လစ်ဆန် (၂၅ နှစ်) သည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ပုံမှန်ထွက်ခွင့်ရဖွယ်ရှိသည်။

Most Read

Most Recent