ပိုလန်နိုင်ငံရှိ အမျိုးသားစာပို့လုပ်ငန်းက လီဝန်ဒေါစကီး၏ရုပ်ပုံဖြင့်တံဆိပ်ခေါင်းငါးသန်း ထုတ်လုပ်ရောင်းချ

ပိုလန်နိုင်ငံရှိ အမျိုးသားစာပို့လုပ်ငန်းက လီဝန်ဒေါစကီး၏ရုပ်ပုံဖြင့်တံဆိပ်ခေါင်းငါးသန်း ထုတ်လုပ်ရောင်းချ
Published 16 June 2018

Photo:AFP

ပိုလန်နိုင်ငံရှိ အမျိုးသားစာပို့လုပ်ငန်း က ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝန်ဒေါစကီး၏ရုပ်ပုံဖြင့် တံဆိပ်ခေါင်းငါးသန်း ထုတ်လုပ်ရောင်းချခဲ့ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ပိုလန်အသင်းအတွက် ၅၅ ဂိုးသွင်းယူထားပြီး လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည်။

ပိုလန်အသင်းသည် ယူရို-၂၀၁၆ ပြိုင်ပွဲ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သည့်အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲပြန် လည်အောင်မြင်ထားသည်။

လီဝန်ဒေါစကီးသည် ကမ္ဘာ့ဖလားခြေစစ်ပွဲကာလတွင်လည်း သွင်းဂိုးစုစုပေါင်း ၁၆ ဂိုးဖြင့် ပူးတွဲဂိုးအများဆုံး နှင့် ဥရောပဇုန်၌ ဂိုးအများဆုံးကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် ပိုလန် အမျိုးသားစာပို့လုပ်ငန်းက ၎င်းင်းအားဂုဏ်ပြု သည့်အနေဖြင့် တံဆိပ်ခေါင်းများထုတ်လုပ် ရောင်းချခဲ့ခြင်းဖြစ်သည်။

''အသက် ၂၉ နှစ် အရွယ်ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ကာလရှည်ကြာ ရပ်တည်နိုင်ခဲ့တဲ့အပြင် လူငယ်ကစားသမား တွေနဲ့ ပရိသတ်တွေအတွက်လည်း စံပြကစား သမားတစ်ဦးဖြစ်ပါတယ်''ဟု စာပို့လုပ်ငန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတံဆိပ်ခေါင်းတွင် လီဝန်ဒေါစကီး၏မျက်နှာ၊  နာမည်နှင့် ၎င်း၏အမှတ်တံဆိပ် 'RL9' တို့ကို ရိုက်နှိပ်ဖော်ပြထားပြီး တံဆိပ်ခေါင်းတစ်ခု လျှင် ၁ ဒသမ ၄ ယူရို (၁ ဒသမ ၆၃ ဒေါ်လာ) ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပိုလန်နိုင်ငံရှိ ဘောလုံးပရိသတ် ၁၄၄၄ ဦးသည် ဇွန် ၁၄ ရက်က ကရာကော မြို့၌ ဆင်တူဝတ်စုံများဝတ်ဆင်၍ ဘောလုံး တော့ကစားခြင်းအား တစ်ပြိုင်တည်း

၁၀ စက္ကန့်ကြာပြုလုပ်ခဲ့ရာ ဂင်းနက်စ်ကမ္ဘာ့စံချိန် အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent