၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်ကစားသမားများ နှစ်(၂၀)ပြည့်တွေ့ဆုံပွဲပြုလုပ်

၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်ကစားသမားများ နှစ်(၂၀)ပြည့်တွေ့ဆုံပွဲပြုလုပ်
Published 12 June 2018

Photo:AFP

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံ ဆုရရှိခဲ့သော ပြင်သစ်လက်ရွေးစင်ကစားသ မားဟောင်းများသည် တနင်္လာနေ့က နှစ်(၂၀) ပြည့်အမှတ်တရအဖြစ် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ရီးယဲလ်နည်းပြဟောင်း ဇီဒန်းက ဦးဆောင် ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားချန် ပီယံဆုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သည့် ယင်းပြိုင်ပွဲတစ်ကြိမ်တွင်သာရရှိခဲ့ပြီး ယင်းနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာနေ သည့်အတွက် ယခုနှစ်(၂၀)ပြည့်တွေ့ဆုံမှုမှာ လက်ရှိပြင်သစ်လက်ရွေးစင်ကစားသမားများ အပေါ် တွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်ဖွယ် ရှိကြောင်းလည်း ပြင်သစ်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

သို့သော် ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံအသင်းတွင် အသင်းခေါင်းဆောင်အ ဖြစ် ဆောင်ရွက်ခဲ့သော လက်ရှိပြင်သစ်လက် ရွေးစင်အသင်းနည်းပြ ဒက်ချမ့်စ်မှာမူ အဆိုပါ တွေ့ဆုံပွဲကို တက်ရောက်ရန် ပျက်ကွက်ခဲ့ ကြောင်း သိရှိရသည်။

ဇီဒန်းသည် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းအတွက် အရေးအပါဆုံး ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲတွင် ဘရာဇီးလ်အသင်းဘက်သို့ (၂)ဂိုးသွင်းယူခဲ့ သူလည်းဖြစ်သည်။

ဇီဒန်းသည် တနင်္ဂနွေနေ့ က ယှဉ်ပြိုင်ကစားခဲ့သော ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ၏ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲကို အားပေးကြည့်ရှုခဲ့ပြီးနောက် ယခုတွေ့ ဆုံပွဲသို့ ရောက်ရှိလာခြင်းဖြစ်သလို၊ ပီရက်စ် မှာလည်း အင်္ဂလန်အသင်းနှင့် World XI အသင်းတို့၏ ရန်ပုံငွေခြေစမ်းပွဲတွင် ပါဝင်ကစားခဲ့ပြီးမှ တွေ့ဆုံပွဲသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ်လက်ရွေး စင်အသင်းနည်းပြ ဒက်ချမ့်စ်မှာမူ အသင်း၏လေ့ကျင့်ရေးအစီအစဉ်များကြောင့် ပျက်ကွက် ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent