■ ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 28 September 2018

ဗယ်လက်ကာနို နှင့် အက်စ်ပန်ညို (စနေနံနက် ၁း၃၀ နာရီ)

ဗယ်လက်ကာနိုရဲ့ ခြေစွမ်းအတက်အကျမငြိမ်ပုံနဲ့တော့ အက်စ်ပန်ညိုကိုလည်း ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာပါပဲ။ အက်စ်ပန်ညိုက ရလဒ်မငြိမ်သေးပေမယ့် ခြေစွမ်းကတော့ တစ်ပွဲထက် တစ်ပွဲသိသိသာသာပိုကောင်းလာပြီး ကွင်းမရွေး မာမာထန်ထန် တုံ့ပြန်နေတယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

 

ဟာသာဘာလင် နှင့် ဘိုင်ယန်မြူးနစ် (စနေနံနက် ၁း၀၀ နာရီ)

နိုင်ပွဲဆက်နေမှု ရပ်တန့်သွားတဲ့ ဘိုင်ယန်မြူးနစ်အသင်းအဖို့ နောက်ထပ်အတားအဆီးတစ်ခုကို ကျော်ဖြတ်ရဦးမယ်။ ဟာသာဘာလင်ကလည်း နောက်ဆုံးကစားတဲ့ပွဲမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အိမ်ကွင်း ဘာလင်မြေမှာတော့ အသင်းကြီးတွေအတွက် အိပ်မက်ဆိုးတွေ ပေးတတ်တဲ့အသင်းပဲ ဖြစ်ပါတယ်။ ဟာသာဘာလင်အဖို့ ဘိုင်ယန်အသင်းနဲ့ကစားခဲ့တဲ့ အိမ်ကွင်း(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပေမယ့် နောက်ဆုံး(၃)ပွဲတွေ့ဆုံမှုမှာ သရေခံကစားထားတာကိုတော့ ထည့်တွက်ရ မယ်။ နိုင်ပွဲပြန်ရှာရတော့မယ့် ဘိုင်ယန်အသင်း လူစုံထုတ်ကစားမှာ သေချာသလောက်ရှိပေမယ့် ဘာလင်မြေမှာ ဂိုးပြတ်နိုင်ဖို့ ဖြစ်နိုင်ခြေမရှိပါဘူး။

 

စိန့်အက်တီယန် နှင့် မိုနာကို (စနေနံနက် ၁း၁၅ နာရီ)

စိန့်အက်တီယန်က PSG ကို ရှုံးပြီး ပြန်ပေါက်ကွဲပြနေ တယ်။ မိုနာကိုကတော့ ခုချိန်ထိ ရလဒ်ဆိုးတွေထဲက မရုန်းထွက် နိုင်သေးပါဘူး။ ဒီပွဲလည်း စိန့်အက်တီယန်ပဲ နိုင်သွားဦးမှာပါ။

Most Read

Most Recent