စတာလင်ရဲ့ဟက်ထရစ်နဲ့အတူ လီဗာပူးလ်ကို (၄)မှတ်ဖြတ်လိုက်တဲ့ မန်စီးတီး

စတာလင်ရဲ့ဟက်ထရစ်နဲ့အတူ လီဗာပူးလ်ကို (၄)မှတ်ဖြတ်လိုက်တဲ့ မန်စီးတီး
Photos: AFP & Reuters
Photos: AFP & Reuters
Published 10 March 2019

■ မန်စီးတီး ၃-၁ ဝက်ဖို့ဒ်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) စနေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းမှာ တောင်ပံကစားသမား စတာလင်ရဲ့ ဟက်ထရစ်နဲ့အတူ (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဒုတိယနေရာက လီဗာပူးလ်ကို (၄)မှတ်ဖြတ်ဦးဆောင်လိုက်ပါတယ်။

ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ အပြိုင်ဖြစ်နေချိန်မှာ မန်စီးတီးအသင်းအိမ်ကွင်းမှာအမှားယွင်းမရှိဖို့ ဂရုစိုက်ခဲ့ပြီး စတာလင်၊ အဂွဲရိုး၊ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်၊ ဂွန်ဒိုဂန်တို့နဲ့ စုဖွဲ့မှုက နိုင်ပွဲအတွက်လုံလောက်ခဲ့ပါတယ်။

ကြားရက်မှာ ချန်ပီယံလိဂ်ရှိတာကြောင့် မန်စီးတီးအသင်း ပွဲကိုအခြေအနေကြည့်ကစားခဲ့ပြီး ဝက်ဖို့ဒ်အသင်းကတော့ သရေတစ်မှတ်အတွက်ပြင်ဆင်လာခဲ့ပေမယ့် ကွင်းတွင်းစုဖွဲ့မှုကွာခြားတာက ဒီပွဲရဲ့အကြီးမားဆုံးအဖြေလည်းဖြစ်ခဲ့ပါတယ်။

ပွဲစကတည်းက မန်စီးတီးအသင်း ကစားကွက်စီးဖို့ပြင်ဆင်လာခဲ့ပေမယ့် ဝက်ဖို့ဒ်အသင်းရဲ့ မထင်မှတ်တဲ့တုံ့ပြန်မှုတွေကြောင့် အခက်တွေ့ခဲ့ပါသေးတယ်။

မန်စီးတီးအသင်းရရှိခဲ့တဲ့ အခွင့်အရေးတွေကိုလည်း တိုက်စစ်ကစားသမားတွေအသုံးမချနိုင်ခဲ့တာကြောင့်လည်း ပထမပိုင်းမှာ မန်စီးတီးအသင်း ဂိုးမရခဲ့ပါဘူး။

ဝက်ဖို့ဒ်အသင်းကလည်း ဂိုးရဖို့အားထုတ်မှုတွေရှိခဲ့ပေမယ့် မန်စီးတီးခံစစ်ကိုတော့ ကျော်ဖြတ်ဖို့ခက်နေခဲ့ပါတယ်။ 

ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး မန်စီးတီးအသင်းကံကောင်းခဲ့တာက ဒုတိယပိုင်းပွဲအစမှာပဲ သွင်းဂိုးရရှိခဲ့တာပါ။

ဒီဂိုးကိုတော့ ပွဲချိန် (၄၆)မိနစ်မှာ စတာလင်က သွင်းယူပေးခဲ့ပြီး ဆက်တိုက်ဆိုသလို မိနစ် (၅၀)မှာ စတာလင်ကပဲ မာရက်ဇ်ရဲ့ပေးပို့မှုကနေ မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒုတိယဂိုးကတော့ ဂွါဒီယိုလာလက်ထက် အီတီဟက်ဒ်ကွင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၅၀) မြောက်သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။

ပထပိုင်းမှာ အကောင်းဆုံးတောင့်ခံနိုင်ခဲ့တဲ့ ဝက်ဖို့ဒ်အသင်း ဒုတိယပိုင်းအစမှာပဲ (၂) ဂိုးပေးလိုက်ရလို့ ကစားကွက်ပျက်သွားခဲ့ပြီး မန်စီးတီးအသင်းကပဲ စိုးမိုးကစားသွားခဲ့တာပါ။

မန်စီးတီးအသင်းအတွက် တတိယဂိုးကိုတော့ စတာလင်က သူ့ရဲ့ဟက်ထရစ်ဂိုးအဖြစ် ပွဲချိန် (၅၉) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ 

(၁၃) မိနစ်နဲ့ (၁၂) စက္ကန့်အတွင်းမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ စတာလင်ကတော့ ၂၀၁၆ ခုနှစ်က (၁၁) မိနစ် (၃၇) စက္ကန့်နဲ့ ဟက်ထရစ်သွင်းယူခဲ့တဲ့ လူကာကူနောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးဟက်ထရစ်ရှင် ဖြစ်လာခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ မန်စီးတီးအသင်း ပွဲကိုထိန်းချုပ်ကစားခဲ့သလို နောက်ထပ်ဂိုးတွေရဖို့ကြိုးစားခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ဝက်ဖို့ဒ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် (၆၆) မိနစ်မှာ ဒီးနီးရဲ့ဖန်တီးပေးမှုကနေ ဒယ်လိုဖူက သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက (၃-၁)ဂိုးနဲ့ နိုင်ပွဲရခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ပွဲစဉ်မတိုင်မီမှာ အမှတ်ပေးဇယားထိပ်ဆုံးကနေ (၄)မှတ်ဖြတ်ဦးဆောင်လိုက်ပါတယ်။

■ ယနေ့ကစားသည့်ဥရောပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ခရစ္စတယ်ပဲလေ့စ် ၁-၂ ဘရိုက်တန်

ကာဒစ်ဖ် ၂-၀ ဝက်စ်ဟမ်း

ဟတ်ဒါဖီးလ် ၀-၂ ဘုန်းမောက်

လက်စတာ ၃-၁ ဖူလ်ဟမ်

နယူးကာဆယ် ၃-၂ အဲဗာတန်

ဆောက်သမ်တန် ၂-၁ စပါး

မန်စီးတီး ၃-၁ ဝက်ဖို့ဒ်

လာလီဂါ

အလာဗတ်စ် ၁-၁ အီဘာ

အက်သလက်တီကို ၁-၀ လီဟာနက်စ်

ဘာစီလိုနာ ၃-၁ ဗယ်လက်ကာနို

စီးရီးအေ

ပါးမား ၁-၀ ဂျီနိုအာ

ဘွန်ဒစ်လီဂါ

ဘိုင်ယန်မြူးနစ် ၆-၀ ဝုလ်ဖ်ဘတ်

ဒေါ့မွန် ၃-၁ စတုဂတ်

လိုက်ပ်ဇစ်    ၀-၀ အော့စ်ဘတ်

ဖရိုင်းဘတ် ၂-၁ ဟာသာဘာလင်

မိန့်ဇ် ၀-၁ မိုချန်ဂလာဘတ်

လီဂူး

စထရာဘိုး ၂-၂ လိုင်ယွန်



လိဂ်ချန်ပီယံရှစ်

ဘလက်ဘန်း ၀-၁ ပရက်စတန်

ရှက်ဖီးယူနိုက်တက် ၂-၀ ရော့သာဟမ်

ဘော်လ်တန် ၂-၁ မီဝေါလ်

ဘရစ္စတိုးလ်စီးတီး ၀-၁ လိဒ်စ်

ဒါဘီ ၁-၁ ရှက်ဖီးဝင်းစ်ဒေး

မစ်ဒယ်ဘရော့ ၁-၂ ဘရန့်ဖို့ဒ်

နော်တင်ဟမ် ၃-၀ ဟားလ်စီးတီး

QPR ၀-၀ စတုတ်စီးတီး

ရက်ဒင်း ၃-၂ ဝီဂန်

ဝက်စ်ဘရွန်း ၁-၁ အစ်ဝစ်ချ်

Most Read

Most Recent