လူမျိုးရေးခွဲခြားခံရသည့် ကူလီဘလီကို မီလန်မြို့တော်ဝန်တောင်းပန်ပြီး ကွင်းပိတ်ပြစ်ဒဏ်အား လက်ခံ

လူမျိုးရေးခွဲခြားခံရသည့် ကူလီဘလီကို မီလန်မြို့တော်ဝန်တောင်းပန်ပြီး ကွင်းပိတ်ပြစ်ဒဏ်အား လက်ခံ
Photos : AFP
Photos : AFP
Published 29 December 2018

အင်တာမီလန်အသင်း သည် လာမည့်အိမ်ကွင်းပွဲစဉ် နှစ်ပွဲအား ပရိ သတ်မပါဘဲ ကွင်းပိတ်ကစားရမည့်အပြင် တတိယမြောက်ပွဲတွင်လည်း Curva Nord (မြောက်ဘက်) ပွဲကြည့်စင်အား ကွင်းပိတ် ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

အင်တာမီလန်အသင်းပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုခံရသည့် နာပိုလီအသင်း နောက်ခံလူ ကူလီဘလီကို မီလန်မြို့တော် ဝန် ဂျူဆက်ပီဆာလာကိုယ်တိုင် တောင်းပန် ခဲ့ပြီး ကွင်းပိတ်ပြစ်ဒဏ်ကိုလည်း သဘောတူ လက်ခံကြောင်း ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက် (Boxing Day) က အင်တာမီလန်နှင့် နာပိုလီအသင်းတို့ ဆန်စီရို ကွင်း၌ ယှဉ်ပြိုင်ကစားသည့် စီးရီးအေပွဲတွင် အိမ်ရှင်ပရိသတ်များက ဆီနီဂေါနောက်ခံလူ ကူလီဘလီကို ပွဲချိန်တစ်လျှောက်လုံး လူမျိုး ရေးခွဲခြားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီက ကူလီဘလီအား လူမျိုးရေးခွဲခြားမှုပြုလုပ် သည့်ဖြစ်ရပ်ကြောင့် ပွဲရပ်ဆိုင်းပေးရန် သုံး ကြိမ်တိုင် တောင်းဆိုခဲ့ကြောင်း ထုတ်ဖော် ပြောကြားပြီးနောက် စီးရီးအေလိဂ်ပြိုင်ပွဲက ဒီဇင်ဘာ ၂၇ ရက်မှာပင် ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 

ယင်းပြစ်ဒဏ်အရ အင်တာမီလန်အသင်း သည် လာမည့်အိမ်ကွင်းပွဲစဉ် နှစ်ပွဲအား ပရိ သတ်မပါဘဲ ကွင်းပိတ်ကစားရမည့်အပြင် တတိယမြောက်ပွဲတွင်လည်း Curva Nord (မြောက်ဘက်) ပွဲကြည့်စင်အား ကွင်းပိတ် ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

ပရိသတ်များ၏ လူမျိုးရေးခွဲခြားသည့်အပြုအမူနှင့် ပတ်သက်၍ မြို့တော်ဝန် ဆာလာက ''ကူလီ ဘလီကိုရည်ရွယ်တဲ့ လှောင်ပြောင်မှုတွေက ရှက်စရာကောင်းပါတယ်။ အသားအရောင် နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့ အားကစားသမား

တစ်ယောက်ကို လှောင် ပြောင်တယ်ဆိုတာ ရှက်စရာပါ။ အင်တာရဲ့ ပွဲတွေကို ကျွန်တော်ဆက်ကြည့်ဖြစ်ဦးမှာပါ။ ဒါပေမဲ့ လှောင်

ပြောင်တဲ့အသံ အရင်ဆုံးကြားလိုက်တာနဲ့ ထထွက်သွားမှာပါ။ ဒါက လူမည်းကစားသမားတစ်ယောက် လှောင်ပြောင်ခံရတာကို လက်မခံဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ကူလီဘလီကို ကျွန်တော်ပဲ ကိုယ်စားတောင်းပန် ပါတယ်။ ခက်ခဲတဲ့ကာလတွေမှာ အားလုံး ညီအစ်ကိုတွေပဲလို့ ခံယူထားတဲ့ မီလန်မြို့သား တွေကိုယ်စားလည်း တောင်းပန်ပါတယ်''ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက ''ကွင်းပိတ်ပြစ်ဒဏ်ကို ကျွန်တော် သဘောတူပါတယ်။ ဘယ်လိုပြစ် ဒဏ်မျိုးပေးသင့်လဲဆိုတာ ကျွန်တော်မသိပေမဲ့ ပြစ်ဒဏ်ချဖို့လိုအပ်တာတော့ နားလည် ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လိဂ်ပြိုင်ပွဲကို ရပ် ထားလိုက်ဖို့တော့ မလိုဘူးထင်ပါတယ်။ ကွင်း  ထဲလာကြည့်သူတွေထဲမှာ ကောင်းတဲ့သူတွေ လည်း အများကြီးပါပဲ။ ဒီပြဿနာက မီလန် မှာပဲဖြစ်နေတာ မဟုတ်ပါဘူး။ လူတိုင်းက တာဝန်ကိုယ်စီယူရမှာပါ''ဟု ဆက်လက်ပြော ကြားသည်။ 

ဆန်စီရိုကွင်းအပြင်ဘက်၌ အင်တာမီလန်နှင့် နာပိုလီအသင်းပရိသတ်များ ရန်ပွဲဖြစ်ပွားရာမှ အင်တာမီလန်ပရိသတ်တစ်ဦး ကားတိုက်ခံရပြီး ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်းလည်း သိရ သည်။

Most Read

Most Recent