ဂွါဒီယိုလာနှင့် ပြန်လည်လက်တွဲလိုကြောင်း မက်ဆီ ဝန်ခံ

ဂွါဒီယိုလာနှင့် ပြန်လည်လက်တွဲလိုကြောင်း မက်ဆီ ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 28 December 2018

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာနှင့် ပြန်လည်လက်တွဲလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

မက်ဆီနှင့် ဂွါဒီယိုလာတို့သည် ဘာစီလိုနာအသင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ (၄)ရာသီကြာလက်တွဲခဲ့ဖူးပြီး လာလီဂါချန်ပီယံ (၃)ကြိမ်၊ ချန်ပီယံလိဂ် (၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၄)လုံးအထိ ရယူနိုင်ခဲ့သည်။

မက်ဆီသည် ဒီဇင်ဘာ (၂၇)ရက်က စပိန်အားကစားသတင်းစာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် နည်းပြဟောင်း ဂွါဒီယိုလာနှင့် ပြန်လည်လက်တွဲလိုကြောင်း ဝန်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။

မက်ဆီက "ဂွါဒီယိုလာနဲ့ အလုပ်အတူတွဲလုပ်ဖို့ အရမ်းခက်ခဲပေမယ့် ဖြစ်နိုင်ရင် သူနဲ့ ပြန်လက်တွဲချင်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဘာစီလိုနာအသင်းဆီ ပြန်လာစေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောသလိုပါပဲ။ ဂွါဒီယိုလာနဲ့ ပြန်လည်လက်တွဲဖို့ဆိုတာ အရမ်းကိုခက်ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အသက် (၃၁)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအား ၂၀၁၇ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၅၀)ဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း ဥရောပအားကစားမီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent