၂၀၁၈ ရာသီအတွက် MFF & MNL အကောင်းဆုံးဆုချီးမြှင့်ပွဲ ဒီဇင်ဘာ (၂၇)ရက် ကျင်းပမည်

၂၀၁၈ ရာသီအတွက် MFF & MNL အကောင်းဆုံးဆုချီးမြှင့်ပွဲ ဒီဇင်ဘာ (၂၇)ရက် ကျင်းပမည်
MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း (Photo : EMG)
MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း (Photo : EMG)
Published 25 December 2018

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုများအပါအဝင် Hournable Award ဆုရရှိသူများမှာမူ ထွက်ပေါ်ခြင်းမရှိသေးဘဲ ဆုချီးမြှင့်ပွဲမှသာ သိရှိရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာ နေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပ သည့် ၂၀၁၈ ခုနှစ် ဘောလုံးရာသီအတွက် အကောင်းဆုံးဆုများချီးမြှင့်ပွဲအခမ်းအနား (MFF & MNL Awards Night) ကို ဒီဇင် ဘာ (၂၇)ရက် ညနေ(၆)နာရီတွင် ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    

MFF & MNL အကောင်းဆုံးဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် မြန်မာနေရှင်နယ် လိဂ်ချန်ပီယံဆု၊ မြန်မာနေရှင်နယ်လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ မြန်မာ နေရှင်နယ်လိဂ် ဂိုးသွင်းဘုရင်ဆု၊ မြန်မာနေရှင်နယ်လိဂ်အသန့်ရှင်းဆုံး

အသင်းဆု၊ လူငယ် အသင်းပြိုင်ပွဲချန်ပီယံဆု၊ လူငယ်အသင်း ဂိုး သွင်းဘုရင်ဆု၊ လူငယ်အသင်း အကောင်းဆုံး ကစားသမားဆု၊ Honourable Award (ဘောလုံးလောကအတွက်ဂုဏ်ပြုဆု) စသည့် ဆုများ ထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ဘောလုံးရာသီအတွက် အမှတ်ပေးပြိုင်ပွဲနှင့် ရှုံးထွက်ချန်ပီယံဆုကို ရန်ကုန်ယူနိုက်တက်အသင်းက ရရှိမည်ဖြစ်သည်။ 

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုများအပါအဝင် Hournable Award ဆုရရှိသူများမှာမူ ထွက်ပေါ်ခြင်းမရှိသေးဘဲ ဆုချီးမြှင့်ပွဲမှသာ သိရှိရမည်ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် MFF & MNL အကောင်းဆုံးဆု ပေးပွဲ၏ တစ်နှစ်တာအကောင်းဆုံး ကစား သမားဆုကို ထိုင်းကလပ် မြောင်တောင်အသင်း တွင် သွားရောက်ကစားနေသည့် တိုက်စစ်မှူး အောင်သူက (၂)နှစ်ဆက်ရရှိခဲ့သည်။

Most Read

Most Recent