မစ်ခီတာရီယန် (၆)ပတ်ခန့် နားရမည်ဟု အာဆင်နယ် အတည်ပြု

မစ်ခီတာရီယန် (၆)ပတ်ခန့် နားရမည်ဟု အာဆင်နယ် အတည်ပြု
Photo : Gettyimages
Photo : Gettyimages
Published 25 December 2018

မစ်ခီတာရီယန်သည် ယခုရာသီအတွင်း အသင်းအတွက် (၄)ဂိုးသွင်းထားပြီး (၃)ဂိုးဖန်တီးပေးခဲ့သည်။

အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမား မစ်ခီတာရီယန်သည် ညာဘက်ခြေဖဝါးဒဏ်ရာကြောင့် (၆)ပတ်ခန့် အနားယူရမည်ဟု အတည်ပြုခဲ့သည်။ 

အာမေးနီးယားလက်ရွေးစင် မစ်ခီတာရီယန်သည် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပွဲ ပထမပိုင်းအပြီးတွင် ၎င်းကို လူစားလဲခဲ့ရပြီး ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရသည်။

မစ်ခီတာရီယန်သည် ဖေဖော်ဝါရီလမှ ပြန်ကစားနိုင်မည်ဖြစ်ရာ လီဗာပူးလ်၊ ချယ်လ်ဆီးတို့နှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ပြီး မန်စီးတီးနှင့်ပွဲအမီ ပြန်ကစားနိုင်ရန်ပင် မသေချာကြောင်း သိရှိရသည်။

မစ်ခီတာရီယန်သည် ယခုရာသီအတွင်း အသင်းအတွက် (၄)ဂိုးသွင်းထားပြီး (၃)ဂိုးဖန်တီးပေးခဲ့သည်။

အာဆင်နယ်အသင်း၏ဒဏ်ရာရစာရင်းတွင် ဝဲလ်ဘက်၊ ဟိုးလ်ဒင်းတို့အပါအဝင် ယခု မစ်ခီတာရီယန်ပါ ထပ်တိုးလာခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent