ဖရန်ကီဒီယွန်းကို ဒတ်ချ်လိဂ်စံချိန်တင် ယူရို ၇၅ သန်းဖြင့် PSG အသင်း ခေါ်ယူနိုင်ရန် နီးစပ်

ဖရန်ကီဒီယွန်းကို ဒတ်ချ်လိဂ်စံချိန်တင် ယူရို ၇၅ သန်းဖြင့် PSG အသင်း ခေါ်ယူနိုင်ရန် နီးစပ်
Photo : AFP
Photo : AFP
Published 10 December 2018

ပြင်သစ်လိဂ်ချန်ပီယံ PSG အသင်း သည် နယ်သာလန်ကလပ် အေဂျက်စ်အသင်း ၏ လူငယ်ကြယ်ပွင့်ကစားသမား ဖရန်ကီ ဒီယွန်းကို ဒတ်ချ်လိဂ်စံချိန်တင်ပြောင်းရွှေ့ ကြေး ယူရို ၇၅ သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ် နေကြောင်း နယ်သာလန်အခြေစိုက် De Telegraaf သတင်းစာက ဖော်ပြသည်။

အသက် ၂၁ နှစ်သာရှိသေးသည့် နယ် သာလန်လက်ရွေးစင်ကစားသမား ဒီယွန်းကို မန်စီးတီးအသင်းက ခေါ်ယူရန် စိတ်ဝင်စား နေသော်လည်း PSG အသင်းက လက်ဦးမှု ရယူ၍ သဘောတူညီမှုရယူရန် နီးစပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

၎င်းအတွက် အေ ဂျက်စ်အသင်းနှင့် မန်စီးတီးအသင်း၏ ဆွေး နွေးမှုမှာ တိုးတက်မှုရှိနေသော်လည်း လတ် တလောခေါ်ယူရန် အစီအစဉ်မရှိသေးသဖြင့် PSG အသင်းက လာမည့်နွေရာသီမှာပင် ကြားဖြတ်ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ် သည်။ 

PSG အသင်းတာဝန်ရှိသူများသည် ဒီဇင်ဘာ ၆ ရက်တွင် ဒီယွန်း၏အေးဂျင့် အလီဒါဆန်နှင့် တွေ့ဆုံပြီးနောက် အေဂျက်စ် အသင်းတာဝန်ရှိသူများနှင့် ဆက်လက်ဆွေး နွေးခဲ့ကြောင်း သိရသည်။ 

''ဒီယွန်း (၂၁ နှစ်) က အေဂျက်စ်ကနေ PSG ကို ပြောင်းရွှေ့လု နီးနီးဖြစ်နေပြီ။ သူပြောင်းမယ့်အသင်းက မန် ချက်စတာစီးတီးရဲ့ မိုးပြာရောင်ဂျာစီမဟုတ် ဘဲ ပြင်သစ်လိဂ်မှာ ချန်ပီယံဆုထပ်ယူဦးမယ့် PSGအသင်းရဲ့ နက်ပြာရောင်ဂျာစီပါ။ ဒီယွန်း ရဲ့ အပြောင်းအရွှေ့က လာမယ့်နွေရာသီမှာ အပြီးသတ်လုနီးပါးဖြစ်နေပါပြီ}} ဟု De Telegraaf သတင်းစာက ဖော်ပြသည်။

အကယ်၍ PSG အသင်းအနေဖြင့် ဒီယွန်းအား ယူရို ၇၅ သန်းဖြင့် ခေါ်ယူဖြစ်ပါ က ယင်းပမာဏမှာ အေဂျက်စ်အသင်းနှင့် ဒတ်ချ်လိဂ်ပြိုင်ပွဲအတွက် စံချိန်တင်ပမာဏ ဖြင့် ရောင်းချမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ် သည်။ 

လက်ရှိတွင် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ရောင်းချမှုအဖြစ် စံချိန်တင်ထားသူမှာ ကိုလံ ဘီယာနောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ်ဖြစ် ပြီး ၂၀၁၇ ခုနှစ် နွေရာသီတွင် အေဂျက်စ်မှ စပါးအသင်းသို့ ယူရိုသန်း ၄၀ ဖြင့် ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။ 

အေဂျက်စ်အသင်းက ဒီယွန်း  ၏ အပြောင်းအရွှေ့အတွက် PSG အသင်းနှင့် ဆွေးနွေးနေကြောင်း အတည်ပြုသော်လည်း သဘောတူညီမှုမရသေးဟု ထုတ်ပြန်သည်။

Most Read

Most Recent