ဘေးလ် ဂိုးပေါက်ပြန်တွေ့ပြီး နိုင်ပွဲဆက်ခဲ့တဲ့ ရီးယဲလ်

ဘေးလ် ဂိုးပေါက်ပြန်တွေ့ပြီး နိုင်ပွဲဆက်ခဲ့တဲ့ ရီးယဲလ်
Photo : AFP
Photo : AFP
Published 10 December 2018

ရီးယဲလ်အသင်းကတော့ အသင်းတောင်ပံကစားသမား ဘေးလ် ဂိုးပေါက်ပြန်တွေ့မှုနဲ့အတူ ဟူဆကာကွင်းမှာ နိုင်ပွဲဆက်ခဲ့ပါတယ်။

ရီးယဲလ်အတွက်အနိုင်ဂိုးကို ပွဲအစ(၈)မိနစ်ကတည်းက ဘေးလ်လ သွင်းယူပေးခဲ့ပြီး ပြိုင်ပွဲစုံ (၄)ပွဲဆက် အနိုင်ရခဲ့ပါတယ်။

ဘေးလ်ဟာ လာလီဂါပြိုင်ပွဲမှာ (၈၀၂)မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက လိဂ်သွင်းဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ 

အေစီမီလန်-တိုရီနိုပွဲမှာတော့ အေစီမီလန်အသင်း အပိုင်အခွင့်အရေးတချို့ကို ဖြုန်းတီးခဲ့လို့ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

တိုရီနိုအသင်းအတွက် ၁၉၇၆-၇၇ ရာသီကတည်းက ပထမဆုံးအဖြစ် စီးရီးအေအဝေးကွင်း(၁၀)ပွဲဆက် (၃ ပွဲနိုင်၊ ၇ ပွဲသရေ)ရှုံးပွဲမရှိကစားနိုင်ခဲ့ပါတယ်။

တနင်္ဂနွေညတွင် ယှဉ်ပြိုင်ကစားခဲ့သော ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ 

ပရီးမီးယားလိဂ်

နယူးကာဆယ် ၁ - ၂ ဝုလ်ဗ်

လာလီဂါ

အီဘာ ၄ - ၄ လီဗန်တေး

ဟူဆကာ ၀ - ၁ ရီးယဲလ်မက်ဒရစ်

ဆိုစီဒက် ၁ - ၂ ဗယ်လာဒိုလစ်

ဘက်တစ် ၂ - ၀ ဗယ်လက်ကာနို

စီးရီးအေ

ဆာဆူအိုလို ၃ - ၃ ဖီအိုရင်တီးနား

အမ်ပိုလီ ၂ - ၁ ဘိုလော့ဂ်နာ

ပါးမား ၁ - ၁ ချီယေဗို

အူဒီးနီးစ် ၁ - ၃ အတ္တလန်တာ

ဂျီနိုအာ ၁ - ၁ SPAL

အေစီမီလန်    ၀ - ၀ တိုရီနို

ဘွန်ဒစ်လီဂါ

မိန့်ဇ် ၁ - ၁ ဟန်နိုဗာ

မိုချန်ဂလာဘတ် ၃ - ၀ စတုဂတ်



ပြင်သစ်လီဂူး

စထရာဘိုး၂ - ၂ ကိန်း

လိုင်လီ ၁ - ၁ Reims

Most Read

Most Recent