၂၀၁၈ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ

၂၀၁၈ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ
Published 3 December 2018

ခြောက်ကြိမ်မြောက်အဖြစ် ကျင်းပသည့် ၂၀၁၈ ဖီဖာ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲတွင် စပိန်အသင်းက အနိုင်ရဗိုလ်စွဲပြီး ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ဆွတ် ခူးရရှိခဲ့ကြောင်း သိရသည်။ 

စပိန်အသင်းသည် ဗိုလ်လုပွဲတွင် မက္ကဆီကိုအသင်းနှင့် ရင်ဆိုင်ကစားခဲ့ရပြီး (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။ 

စပိန်အသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ ဒုတိယအကြိမ်မြောက် တက်လှမ်းနိုင်ခြင်းဖြစ်ပြီး ၂၀၁၄ ပြိုင်ပွဲတွင် မူ ဂျပန်အသင်းကို (၀-၂)ဂိုးဖြင့်အရေးနိမ့်ခဲ့ ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ 

စပိန် အသင်းအနေဖြင့် ကျင်းပပြီးစီးသည့်ပြိုင်ပွဲ ခြောက်ကြိမ်တွင် နောက်ဆုံးလေးသင်းစာရင်း ဝင်မှုမှာ လေးကြိမ်အထိရှိခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၆ ခုနှစ်များတွင် တတိယဆုကို ဆွတ်ခူး ရရှိခဲ့သည်။

မက္ကဆီကိုအသင်းသည် သမိုင်းတစ် လျှောက် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက် လှမ်းလာခြင်းဖြစ်သည်။ တတိယနေရာလုပွဲ တွင်မူ နယူးဇီလန်အသင်းက ကနေဒါအသင်း ကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    

ပြိုင်ပွဲ၏အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုကို ကလော်ဒီယိုပင်နာ(စပိန်)၊ ငွေဘောလုံးဆုကို နီကိုးလ်ပီရက်ဇ်(မက္ကဆီ ကို)၊ ကြေးဘောလုံးဆုကို အဗ္ဗဒူလာအီ(ဂါနာ)၊ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အဗ္ဗဒူလာ အီ(ဂါနာ)၊ ငွေဖိနပ်ဆုကို ကလော်ဒီယာပင် နာ(စပိန်)၊ ကြေးဖိနပ်ဆုကို အီရာနေလိုပက်ဇ်၊ အကောင်းဆုံးဂိုးသမား(ရွှေလက်အိတ်)ဆု ကို ကာတာလိုင်းနားကိုးလ်၊ အသန့်ရှင်းဆုံး အသင်းဆုကို ဂျပန်အသင်းတို့က ရရှိခဲ့သည်။ 

ရွှေဖိနပ်ဆုအတွက် အဗ္ဗဒူလာအီနှင့် ကလော် ဒီယာပင်နာတို့မှာ ခုနစ်ဂိုးစီတူညီနေသော် လည်း အဗ္ဗဒူလာအီမှာ အခြားစွမ်းဆောင်ရည် အချို့တွင် သာလွန်သောကြောင့် ရွှေဖိနပ်ဆု ကို ဆွတ်ခူးရရှိခြင်းဖြစ်သည်။ 

ယခုပြိုင်ပွဲတွင် မြောက်ကိုရီးယားအသင်းက ချန်ပီယံ နှစ် ကြိမ်ဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေ ကာ တောင်ကိုရီးယား၊ ပြင်သစ်၊ ဂျပန်နှင့် စ ပိန်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲခဲ့သည်။

Most Read

Most Recent