အင်္ဂလန်အသင်း၏ တည်ကန်ဘောများကို စိုးရိမ်ကြောင်း ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ် ဝန်ခံ

အင်္ဂလန်အသင်း၏ တည်ကန်ဘောများကို စိုးရိမ်ကြောင်း ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ် ဝန်ခံ
Published 10 July 2018

ခရိုအေးရှားအသင်းခေါင်း ဆောင်မိုဒရစ်က ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေသည့် အင်္ဂလန်အသင်း၏ တည်ကန်ဘောများ ကို စိုးရိမ်ကြောင်း ဝန်ခံခဲ့သည်။

ခရိုအေးရှားနှင့် အင်္ဂလန်တို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့တွင် ကစားမည်ဖြစ်ပြီး မိုဒရစ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ယခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် သွင်းဂိုး(၁၁)ဂိုး ရရှိ ထားပြီး (၈)ဂိုးမှာ တည်ကန်ဘောများ မှတစ်ဆင့် ရရှိထားခြင်းဖြစ်သည်။

မိုဒရစ်က " သူတို့ဟာ တည်ကန်ဘောတွေမှာ ပြိုင်ဘက်အသင်းတွေကို   ကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ သူတို့ဟာ ဟာရီကိန်း၊ မက်ဂွိုင်း ရား၊ ဂျွန်စတုန်းစ်တို့လို အရမ်းသန်မာတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ တည်ကန်ဘောတွေရရင် အင်္ဂလန်ကစားသမားတွေ ဘယ်လောက်ထိကြိုးစားတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ ဒါကြောင့် သူတို့တည် ကန်ဘောတွေက ဂိုးတွေအများကြီး ရရှိနေတာဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့အနေနဲ့ အလေးထား ကစားသွားဖို့လိုပြီး အိမ်ရှင်ရုရှားနဲ့ပွဲ ကထက် ပိုကောင်းအောင် စွမ်းဆောင် နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အင်္ဂလန်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော့်တို့အနေနဲ့ ရုရှားနဲ့ ပွဲကလို ဂိုးမပေးရဖို့ လိုပါတယ် "  ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုဒရစ်က ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း အောင်မြင်နေခြင်းမှာ အသင်းလိုက် စုစည်းမှုကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ " အင်္ဂလန်အသင်းက စုစည်း မှုကောင်းပါတယ်။ ဒါကြောင့် အောင်မြင်နေတာပါ။ သူတို့နဲ့ကစားမယ့်ပွဲ က စိတ်ဝင်စားစရာပွဲတစ်ပွဲဖြစ်လာ ပါလိမ့်မယ် "  ဟု ပြောကြားခဲ့သည်။

Most Read

Most Recent