ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်(ဝဲ)အား သမ္မတ ပူတင်နှင့်အတူတွေ့ရစဉ်
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အမျိုးသမီးများအနေဖြင့် မည်သည့်နိုင်ငံသား နှင့်မဆို လွတ်လပ်စွာတွဲခွင့်ရှိကြောင်း တုံ့ပြန် ပြောကြားသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ဇွန် ၁၃ ရက်တွင် အမျိုးသမီးလွှတ်တော်အမတ်ဖြစ်သူ ပလက်နီဗာက ရုရှားအမျိုးသမီးများအနေဖြင့် ပြိုင်ပွဲကာလအတွင်း နိုင်ငံခြားသားများနှင့် အတူအိပ်စက်ခြင်းမပြုရန် တိုက်တွန်းပြော ကြားမှု ပြုလုပ်ခဲ့သည်။
''အမျိုးသမီးငယ်တွေ အနေနဲ့ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံပြီး ရင် သွေးမွေးဖွားလိုက်တာမျိုး မဖြစ်စေချင်ဘူး။ ၁၉၈၀ မော်စကို အိုလံပစ်ပြိုင်ပွဲတုန်းကလည်း ဒေသခံအမျိုးသမီးတချို့က နိုင်ငံခြားသား တွေနဲ့ ချစ်သူဖြစ်ကြပြီး ကိုယ်ဝန်ရသွားတယ်။ ကိုယ့်အချင်းချင်းရတဲ့ရင်သွေးကိုပဲ မွေးစေ ချင်တယ်။ နိုင်ငံသားရောစပ်တဲ့ကလေးတွေ က အဖေ၊ အမေတစ်ဦးတည်းရှိတဲ့အခြေအနေ ပိုဖြစ်နိုင်တယ်''ဟု အောက်လွှတ်တော်၏ မိသားစု၊ အမျိုးသမီးနှင့် ကလေးငယ်များကော် မတီအကြီးအကဲဖြစ်သူ ပလက်နီဗာက ပြော ကြားသည်။
ယင်းပြောကြားမှုမှာ လူမျိုးရေး ခွဲခြားမှုဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ် နေရာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပက်စ် ကော့ဗ်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် ''လူမျိုးရေးမခွဲခြားရ'' ဟူသောစာသားကို ညွှန်ပြ၍ ''ရုရှားအမျိုးသမီးတွေအနေနဲ့ ပုဂ္ဂိုလ် ရေးကိစ္စတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ သူတို့တွေဟာ ကမ္ဘာပေါ်မှာအကောင်းဆုံး အမျိုးသမီးတွေပါ''ဟု တုံ့ပြန်ပြောကြား သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပြည်ပနိုင်ငံများမှ လာရောက်သူ သန်းနှင့်ချီ၍ရှိသည်။