ရုရှား၏ နိုင်ပွဲအပေါ် အလွန်အကောင်းမမြင်သင့်ဟု မော်ရင်ဟို သတိပေး

ရုရှား၏ နိုင်ပွဲအပေါ် အလွန်အကောင်းမမြင်သင့်ဟု မော်ရင်ဟို သတိပေး
Published 15 June 2018

Russia Today ရုပ်သံ၏ သုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မော်ရင်ဟိုက ရုရှားအသင်းက ဆော်ဒီအသင်းကို (၅-ဝ)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ရုရှားအသင်းအနေဖြင့် ယခုနိုင်ပွဲအပေါ် အလွန်အကောင်းမမြင်သင့်ကြောင်း ပြောကြားခဲ့သည်။ ဆော်ဒီအသင်းကိုအနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် မော်စကို လမ်းမများထက်တွင် ပရိသတ်များ ပြည့်နှက်နေခဲ့ပြီး လှည့်လည်အောင်ပွဲခံခဲ့ကြသလို၊ ရုရှားမီဒီယာများကလည်း ချီးကျူး ရေးသားမှုများပြုလုပ်ခဲ့သည်။Russia Today ရုပ်သံ၏ သုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မော်ရင်ဟိုက ရုရှားအသင်းက ဆော်ဒီအသင်းကို (၅-ဝ)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ရုရှားအသင်းအနေဖြင့် ယခုနိုင်ပွဲအပေါ် အလွန်အကောင်းမမြင်သင့်ကြောင်း ပြောကြားခဲ့သည်။

မော်ရင်ဟိုကမူ "ပွဲမတိုင်ခင်တုန်းက ကျွန်တော်တို့က ရုရှားအသင်းရဲ့ အားနည်းချက်တွေကို ပြောခဲ့ကြသေးတယ်။ ဒါပေမဲ့ တစ်ပွဲကစားပြီးရုံနဲ့ အလွန်အကောင်းမြင်တဲ့ အခြေအနေတွေတော့ မဟုတ်သေးပါဘူး။ ဒီရလဒ်အတွက် ရုရှားတွေပျော်သင့်တယ်။ ကောင်းမွန်တဲ့နိုင်ပွဲတစ်ခု၊ ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ အရေးအကြီးဆုံးက ဂိုးကွာခြားချက်အနေအထားပါပဲ။ ဒါပေမဲ့ အခြားတစ်ဖက်မှာ ဆော်ဒီအသင်းဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ အီဂျစ်က ဆော်ဒီအသင်းထက်ပိုကောင်းပြီး၊ အီဂျစ်အသင်းထက် ဥရုဂွေးအသင်းက ပိုကောင်းပါတယ်။ ဆော်ဒီအာရေဗျရဲ့ အဆင့်အတန်းကတော့ စိတ်ပျက်စရာပဲ"ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုအား ယခုပွဲစဉ်အတွက် Man of the Match ကို ရွေးချယ်ခိုင်းခဲ့ရာ မော်ရင်ဟိုက ရုရှားအသင်းနည်းပြ ချာချီဆော့ဗ်ကို ရွေးချယ်ပေးခဲ့ပြီး ခြေစမ်းပွဲများတွင် ဆိုးရွားစွာကစားခဲ့သည့်အသင်း၊ နည်းဗျူဟာပိုင်း အပြောင်းအလဲများလွန်းပြီး ခိုင်မာမှုမရှိသည့်အသင်း၊ မေးခွန်းထုတ်စရာ လူရွေးချယ်မှုများကြားမှ ပြိုင်ပွဲစတင်ချိန်တွင် ကောင်းမွန်သည့် ရလဒ်ကို ယူပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး၊ ကစားသမားများထဲမှ မဖြစ်မနေရွေးရမည်ဆိုလျှင် ဂိုလိုဗင်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent