MLS All-Star Game မှာ မက်ဆီ ပါဝင်ကစားမှာမဟုတ်ပေမဲ့ ဒီတစ်ကြိမ် အရေးယူခံရမှာမဟုတ်

MLS All-Star Game မှာ မက်ဆီ ပါဝင်ကစားမှာမဟုတ်ပေမဲ့ ဒီတစ်ကြိမ် အရေးယူခံရမှာမဟုတ်
Photo: X
Photo: X
Published 27 July 2026

အင်တာမိုင်ယာမီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ MLS All-Star Game မှာ ပါဝင်ကစားမှာမဟုတ်ပေမဲ့ ဒီတစ်ကြိမ် အရေးယူခံရမှာမဟုတ်ကြောင်း သိရပါတယ်။

၂၀၂၆ ခုနှစ် MLS All-Star Game ကို ဇူလိုင်(၂၉)ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မေဂျာလိဂ် All-Stars အသင်းနဲ့  မက္ကဆီကိုလိဂ် All-Stars အသင်းတို့ ယှဉ်ပြိုင်ကစားမှာပါ။

မက်ဆီက မေဂျာလိဂ် All-Stars အသင်းမှာ ရွေးချယ်ခံထားရပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားထားတာကြောင့် ပါဝင်ကစားမှာမဟုတ်ကြောင်း သိရပြီး အင်တာမိုင်ယာမီအသင်းဖော် အာဂျင်တီးနားကွင်းလယ်ကစားသမား ဒီပေါလ်လည်း ပါဝင်ကစားမှာမဟုတ်ကြောင်း သိရပါတယ်။

အရင်က MLS All-Star Game အတွက် ရွေးချယ်ခံရပြီး ပါဝင်ကစားခြင်းမရှိရင် ပွဲပယ်ပြစ်ဒဏ် ချမှတ်အရေးယူလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေတာကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်ထားတဲ့ ကစားသမားတွေကို ခြွင်းချက်အဖြစ် သတ်မှတ်ပေးထားကြောင်း သိရပါတယ်။

မက်ဆီက အင်တာမိုင်ယာမီအသင်းကို ၂၀၂၃ နွေရာသီမှာ စတင်ရောက်ရှိခဲ့ပြီး ၂၀၂၄ ကစပြီး မေဂျာလိဂ် All-Stars အသင်းမှာ ဆက်တိုက်ရွေးချယ်ခံခဲ့ရပေမဲ့ တစ်ကြိမ်မှ ယှဉ်ပြိုင်ကစားခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။

၂၀၂၆ MLS All-Star Game ပြိုင်ပွဲကို မက်ဆီအပါအဝင် ကစားသမား(၄)ဦး ပါဝင်ကစားနိုင်ခြင်းမရှိတာကြောင့် အစားထိုးရွေးချယ်မှု ပြုလုပ်ထားကြောင်း သိရပြီး ဆွန်ဟောင်မင်နဲ့ သောမတ်စ်မူလာတို့ကတော့ ပါဝင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent