အင်္ဂလန်နောက်ခံလူ ဂူဟီ တံကောက်ကြောဒဏ်ရာကြောင့် နော်ဝေနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေ

အင်္ဂလန်နောက်ခံလူ ဂူဟီ တံကောက်ကြောဒဏ်ရာကြောင့် နော်ဝေနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေ
Photo: X
Photo: X
Published 10 July 2026

အင်္ဂလန်နောက်ခံလူ ဂူဟီဟာ မက္ကဆီကိုနဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် နော်ဝေနဲ့ ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရပါတယ်။

ဂူဟီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဖွင့်ပွဲကလွဲရင် အင်္ဂလန်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပွဲတိုင်းကစားခွင့်ရရှိထားသူဖြစ်ပြီး မက္ကဆီကိုနဲ့ပွဲမှာလည်း ပွဲချိန်ပြည့်ကစားခဲ့ပါတယ်။

ဂူဟီရဲ့ ဒဏ်ရာကို အစောပိုင်းတုန်းက ကြွက်သာနွမ်းလျမှုသာဖြစ်ဖို့ အင်္ဂလန်အသင်းဆေးအဖွဲ့က မျှော်လင့်ခဲ့ပေမဲ့ တံံကောက်ကြောဒဏ်ရာ ဖြစ်နေခဲ့တာပါ။

ဒါကြောင့် ဂူဟီအနေနဲ့ ဒီနေ့ ပြုလုပ်မယ့် လေ့ကျင့်မှုအစီအစဉ်မှာ မပါဝင်နိုင်ရင်တော့ နော်ဝေနဲ့ ပွဲကို လွဲချော်ဖို့ သေချာသွားမှာဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းမှာ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်အပါအဝင် ကစားသမားတချို့ နေမကောင်းဖြစ်နေတာကြောင့် လေ့ကျင့်ခန်းမဆင်းနိုင်တဲ့ အခြေအနေလည်း ရှိနေကြောင်း သိရပါတယ်။

ဒါကြောင့် နည်းပြ သောမတ်စ်တူဟယ်လ်အတွက် ခေါင်းခဲရတဲ့ အနေအထား ဖြစ်နေပေမဲ့ ညာနောက်ခံလူ ရီးဂျိမ်းစ်ကတော့ လေ့ကျင့်မှုပြန်လုပ်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

မက္ကဆီကိုနဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ နောက်ခံလူ ကွမ်ဆာကတော့ ပွဲပယ်ပြစ်ဒဏ်(၂)ပွဲ ချမှတ်ခံခဲ့ရတာကြောင့် နော်ဝေနဲ့ပွဲအပြင် ဆီမီးဖိုင်နယ်ပွဲမှာပါ ကစားခွင့်ရမှာမဟုတ်ကြောင်း သိရပါတယ်။

Most Read

Most Recent