■ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်မှုအန္တရာယ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း WHO ပြောကြား

■ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်မှုအန္တရာယ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း WHO ပြောကြား
Published 23 May 2026

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်မှုအန္တရာယ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြော်ငး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

လက်ရှိတွင် ဒီအာကွန်ဂို၌ ရောဂါကူးစက်ခံရကြောင်း အတည်ပြုလူနာ ၈၂ ဦးနှင့် သေဆုံးကြောင်း အတည်ပြုပြီးသူ ၇ ဦးရှိနေပြီး၊ သံသယလူနာ ၇၅၀ နီးပါးနှင့် ထိုရောဂါကြောင့် သေဆုံးသည်ဟု ယူဆရသူ ၁၇၇ ဦးရှိကြောင်း WHO က ပြောကြားခဲ့သည်။

ယခုကူးစက်မှုသည် ရောဂါလက္ခဏာ သတိမပြုမိဘဲ အချိန်အတန်ကြာ ပျံ့နှံ့နေခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး သို့မဟုတ် ကုသဆေးများ မရှိသေးသော ရှားပါးသည့် Bundibugyo အီဘိုလာဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

WHO အနေဖြင့် ယင်းဗိုင်းရပ်စ်မျိုးစိတ်ကို နှိမ်နင်းရာတွင် မည်မျှအထိ ထိရောက်မှုရှိနိုင်သည်ကို သိရှိနိုင်ရန် လက်ရှိ ရှိနှင့်ပြီးသား ကုသနည်းအချို့ကို ဦးစားပေး စမ်းသပ်လုပ်ဆောင်လျက်ရှိသည်။

Ref: AFP

Most Read

Most Recent