ဘိုင်ယန်မြူးနစ်တိုက်စစ်သုံးဦးအတွဲရဲ့ ဒီရာသီသွင်းဂိုးအရေအတွက် ဂိုး(၁၀၀)ပြည့်မြောက်ခဲ့ပြီး ဟာရီကိန်းလည်း စံချိန်သစ်တင်

ဘိုင်ယန်မြူးနစ်တိုက်စစ်သုံးဦးအတွဲရဲ့ ဒီရာသီသွင်းဂိုးအရေအတွက် ဂိုး(၁၀၀)ပြည့်မြောက်ခဲ့ပြီး ဟာရီကိန်းလည်း စံချိန်သစ်တင်
Photo: X
Photo: X
Published 29 April 2026

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်သုံးဦးအတွဲဖြစ်တဲ့ ဟာရီကိန်း၊ လူးဝစ်ဒီယက်ဇ်နဲ့ အိုလီဆေးတို့ရဲ့ ဒီရာသီ ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်က ဂိုး(၁၀၀)ပြည့်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

PSG အသင်းကို (၄-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒီကစားသမား(၃)ဦးစလုံး တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာကြောင့် ဂိုး(၁၀၀)ပြည့်သွားခဲ့တာဖြစ်ပြီ ဟာရီကိန်းက (၅၄)ဂိုး၊ လူးဝစ်ဒီယက်ဇ်က (၂၆)ဂိုး၊ အိုလီဆေးက ဂိုး(၂၀)သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီရာသီမှာ ဒုတိယဂိုးအများဆုံးသွင်းထားတဲ့ တိုက်စစ်သုံးဦးအတွဲက ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘာပေ၊ ဗင်နီစီယပ်စ်၊ ဗယ်လ်ဗာဒီတို့ဖြစ်ပြီး (၆၉)ဂိုး သွင်းယူထားခြင်းဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်တိုက်စစ်အတွဲက ဒုတိယနေရာက တိုက်စစ်အတွဲထက်တောင် ဂိုး(၃၀)ကျော် အသာရနေခဲ့တာပါ။

တတိယအများဆုံးက ယမားလ်၊ ရာဖင်ညာ၊ ဖယ်ရန်တောရက်စ်တို့ရဲ့ ဘာစီလိုနာတိုက်စစ်အတွဲဖြစ်ပြီး (၆၂)ဂိုး သွင်းယူထားကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ဒီရာသီပြိုင်ပွဲစုံမှာ (၅၄)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် ဂိုးပါဝင်ပတ်သက်မှု (၆၀)ပြည့်တဲ့ ပထမဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဟာရီကိန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၆)ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ်လည်း PSG နဲ့ပွဲမှာ မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

 

Most Read

Most Recent