■ ဩစတြေးလျနှင့် ဂျပန်ကြား စစ်သင်္ဘောရောင်းဝယ်ရေး သဘောတူညီစာချုပ် ချုပ်ဆို

■ ဩစတြေးလျနှင့် ဂျပန်ကြား စစ်သင်္ဘောရောင်းဝယ်ရေး သဘောတူညီစာချုပ် ချုပ်ဆို
Published 18 April 2026

ဂျပန်နိုင်ငံသည် သြစတြေးလျရေတပ်အတွက် ခေတ်မီစစ်သင်္ဘောအုပ်စုကို ပံ့ပိုးပေးမည့် သဘောတူညီချက်တစ်ခုကို ဧပြီ ၁၈ ရက်တွင် အတည်ပြုခဲ့သည်။

ယင်းသည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ဟန့်တားရန်အတွက် သြစတြေးလျ၏ ရေတပ်စွမ်းအားနှင့် ရေတပ်၏ ရေရှည်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည့် စစ်ရေးတိုးချဲ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စတင်ကြေညာခဲ့သော အဆိုပါသဘောတူညီချက်သည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ကာကွယ်ရေးဆိုင်ရာ ပို့ကုန်သဘောတူညီချက်များထဲမှ တစ်ခုဖြစ်သည်။

သြစတြေးလျအနေဖြင့် အဆိုပါ စစ်သင်္ဘောများ ရရှိရန်အတွက် ဂျပန်ကို လာမည့် ၁၀ နှစ်အတွင်း သြစတြေးလျဒေါ်လာ ၁၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၆ ဘီလျံ) ပေးချေသွားမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးရှင်ဂျီရို ကိုအိဇူမိသည် အဆိုပါ စစ်သင်္ဘောများ၏ ပထမအသုတ်ဖြစ်သည့် သင်္ဘောသုံးစင်းကို ပို့ဆောင်ပေးမည့် စာချုပ်လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။

"ဒါဟာ သြစတြေးလျတော်ဝင်ရေတပ်အတွက် ငြိမ်းချမ်းရေးကာလအတွင်း အမြန်ဆုံးရယူနိုင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းပဲဖြစ်ပါတယ်" ဟု သြစတြေးလျ ကာကွယ်ရေးစက်မှုလုပ်ငန်းဝန်ကြီး ပက် ကွန်ရွိုင်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent