■ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသားနဲ့ အမျိုးသမီးဘောလုံး နှစ်သင်းစလုံး ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခြင်းမှာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်

■ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသားနဲ့ အမျိုးသမီးဘောလုံး နှစ်သင်းစလုံး ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခြင်းမှာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်
Published 13 December 2025

ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် မြန်မာအမျိုးသားနဲ့ အမျိုးသမီးဘောလုံး နှစ်သင်းစလုံး ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခြင်းမှာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာယူ-၂၂ အမျိုးသားအသင်းက အုပ်စုနှစ်ပွဲစလုံး အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကတော့ အုပ်စုပွဲသုံးပွဲမှာ ခြောက်မှတ်ရခဲ့ပေမဲ့ Head to Head ဂိုးကွာခြားချက်အရ ဆီမီးဖိုင်နယ်နဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတိုင်းမှာ ပြိုင်ပွဲတိုင်း နောက်ဆုံးလေးသင်းစာရင်း ဝင်ခဲ့ပေမဲ့ အခုတစ်ကြိမ်မှာ အဆိုးရွားဆုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

မြန်မာအမျိုးသမီးအသင်းဟာ ယခင်ယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ၁၂ ကြိမ်မှာ ဒုတိယ လေးကြိမ်၊ တတိယ ခုနစ်ကြိမ်၊ စတုတ္ထ တစ်ကြိမ် ရရှိခဲ့ပါတယ်။

မြန်မာအမျိုးသားအသင်းက ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းမှာ ငါးကြိမ် ဗိုလ်စွဲကာ တတိယအအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပေမဲ့ ၁၉၇၃ ခုနှစ်နောက်ပိုင်းကတည်းက ရွှေတံဆိပ်ဆုနဲ့ ကင်းကွာနေခဲ့ပါတယ်။

Most Read

Most Recent