မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဇရပ်မြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာမကိုးဦးကို PDF များက ဖမ်းဆီးပြီး ရွေးကောက်ပွဲမဲသင်တန်းတက်ရောက်ခြင်းမပြုရန် ခြိမ်းခြောက်ကာ ပြန်လွှတ်ခဲ့ကြောင်း သတင်းရှိသည်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ရီရီဝင်းအပါအဝင် သိမ်ဇရပ်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းဆရာမကိုးဦးသည် သိမ်ဇရပ်မြို့ အမှတ်(၂)ရပ်ကွက်နေ ဦးလင်းမင်းထွန်းမောင်းနှင်သည့် မော်တော်ယာဉ်တစ်စီးဖြင့် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ဖွင့်လှစ်မည့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းသို့တက်ရောက်ရန် သိမ်ဇရပ်မြို့မှ ကျိုက်ထိုမြို့သို့ ထွက်ခွာလာစဉ် ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီးအရောက်၌ PDF များက မော်တော်ယာဉ်ကို တားဆီးကာ ၎င်းတို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွေးကောက်ပွဲ မဲသင်တန်းတက်ရောက်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆို၍ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။















