■ ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး Drop Bomb များ ပစ်ချတိုက်ခိုက်ခံရ 

■ ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး Drop Bomb များ ပစ်ချတိုက်ခိုက်ခံရ 
Published 8 October 2025

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး Drop Bomb များ အောက်တိုဘာ ၆ ရက်က ပစ်ချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။ 

ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းသို့ အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် PDF များက ဒရုန်းဖြင့်  Drop Bomb  များ ပစ်ချတိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူ ဗုံးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

အလားတူ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီခွဲတွင် ထပ်မံ၍ ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ယာခြေဖနောင့် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုသို့ Drop Bomb  များ ပစ်ချတိုက်ခိုက်ချတိုက်ခိုက်မှုကြောင့် ရုံးပြတင်းပေါက်မှန် ၆၅ ချပ်၊ မျက်နှာကျက် ၁၀ ချပ်၊ အဆောက်အအုံ အမိုးသွပ် ငါးချပ် ပျက်စီးခဲ့ကြောင်းသိရသည်။

ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့  လာရောက်တိုက်ခိုက်ခဲ့သည့် ဒရုန်းမှာ  ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ပေါက္ကူကျေးရွာကြားမှ တက်လာခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် ယင်းကျေးရွာများသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent