■ မြင်းခြံမြို့နယ်တွင် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦး၏ ဇနီးနှင့် မြေးဖြစ်သူ သုံးနှစ်အရွယ်ကလေးတစ်ဦး၊ အငှားယာဉ်မောင်းတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်

■ မြင်းခြံမြို့နယ်တွင် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦး၏ ဇနီးနှင့် မြေးဖြစ်သူ သုံးနှစ်အရွယ်ကလေးတစ်ဦး၊ အငှားယာဉ်မောင်းတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်
Published 8 October 2025

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦး၏ ဇနီးနှင့် မြေးဖြစ်သူ သုံးနှစ်အရွယ်ကလေးတစ်ဦး၊ အငှားယာဉ်မောင်းတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

မြင်းခြံမြို့နယ် အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်စိုး၏ ဇနီးဖြစ်သူ ဒေါ်နီနီဝင်းသည် မြေးဖြစ်သူ အသက်သုံးနှစ်အရွယ်ရှိ မရွန်းချယ်ရီဟိန်းနှင့်အတူ မြင်းခြံမြို့၊ အမှတ်(၁၃) ရပ်ကွက်နေ ဦးမင်းခန် မောင်းနှင်သည့် အငှားမော်တော်ယာဉ်ဖြင့် စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ မိဘများထံသို့ မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေး လမ်းအတိုင်း အောက်တိုဘာ ၅ ရက်က ထွက်ခွာလာစဉ် နံနက် ၉ နာရီခန့်တွင်  မြင်းခြံမြို့နယ်၊ နွားကူးအိုင်ကျေးရွာအနီးအရောက် PDF များက မော်တော်ယာဉ်အား တားဆီး၍ ၎င်းတို့သုံးဦးကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်များအား ဖမ်းဆီးသွားသူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၈ ရက်ကလည်း နေပြည်တော်မှ မြင်းခြံမြို့သို့ လာသည့် ပြည်တော်အေး ခရီးသည်တင်မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်)၊ စက်မှုအလုပ်ရုံဌာနခွဲမှ ယန္တရားမောင်း (၄) ဖြစ်သူ ဦးသန်းထွန်းအောင်သည် တောင်သာမြို့နယ် တောင်သာ-ဇဂျမ်း-မြင်းခြံကားလမ်းပေါ် ကျောက်ဖူးကျေးရွာလမ်းခွဲအနီးတွင် ၎င်းစီးနှင်းလာသည့် ခရီးသည်ယာဉ်ကို PDF များက တားဆီးစစ်ဆေးပြီး ဦးသန်းထွန်းအောင်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

ထို့အတူ အောက်တိုဘာ ၁ ရက်ကလည်း မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာတွင် သံဃာတော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးကို PDF များက  ဓားဖြင့် ထိုးခုတ်သဖြင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့သည်။ 

 

Most Read

Most Recent