မန်စီးတီးအသင်းရဲ့ ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီဟာ ဂါလာတာစာရေးအသင်းက ကမ်းလှမ်းထားပေမဲ့ မန်စီးတီးမှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
အကန်ဂျီ(၃၀ နှစ်)ဟာ မန်စီးတီးအသင်း ရောင်းထုတ်လိုတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေတာကြောင့် ဂါလာတာစာရေးအသင်းက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဂါလာတာစာရေးအသင်းက အကန်ဂျီတစ်ဦးတည်းတင်မဟုတ်ဘဲ မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆန်နဲ့ ဂွန်ဒိုဂန်တို့ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
ဂါလာတာစာရေးအသင်းက အကန်ဂျီကို ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မန်စီးတီး နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အကန်ဂျီက မန်စီးတီးမှာသာ သက်တမ်းကုန်တဲ့အထိ ဆက်ရှိလိုကြောင်း သိရပါတယ်။
မန်စီးတီးအသင်းကတော့ ဂါလာတာစာရေးအသင်း ခေါ်ယူဖို့ ကြိုစားနေတဲ့ ကစားသမား(၃)ဦးစလုံးကို ဒီရာသီ ပရီးမီးယားလိဂ်(၂)ပွဲမှာ အသုံးပြုခြင်း မရှိခဲ့ပါဘူး။















