လိုင်ယွန်နဲ့ လမ်းခွဲခဲ့တဲ့ မာတစ် ဆာဆူအိုလိုနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုမယ်

လိုင်ယွန်နဲ့ လမ်းခွဲခဲ့တဲ့ မာတစ် ဆာဆူအိုလိုနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုမယ်
Photo: X
Photo: X
Published 22 August 2025

လိုင်ယွန်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ၀ါရင့် ဆားဘီးယားကွင်းလယ်ခံစစ်ကစားသမား မာတစ်ဟာ ဆာဆူအိုလိုအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးနဲ့ မန်ယူအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မာတစ်ဟာ အသက်(၃၇)နှစ် ရှိနေပါပြီ။

မာတစ်ဟာ ၂၀၂၄ ဇန်နဝါရီမှာ ရန်းစ်ကနေ လိုင်ယွန်အသင်းကို (၂)နှစ်ခွဲစာချုပ်နဲ့ ရောက်ရှိခဲ့တာကြောင့် ၂၀၂၆ နွေရာသီမှာမှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း နှစ်ဖက်သဘောတူညီမှုနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာပါ။

အဲဒီနောက် အသင်းလက်မဲ့ဖြစ်သွားတဲ့ မာတစ်က ဆာဆူအိုလိုအသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းအပေါ် မူတည်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ရရှိထားတယ်လို့ သိရပါတယ်။

Most Read

Most Recent