■ မာဒူအေကေအား ခေါ်ယူမှုကို အာဆင်နယ်ပရိသတ်အချို့ မလိုလား

■ မာဒူအေကေအား ခေါ်ယူမှုကို အာဆင်နယ်ပရိသတ်အချို့ မလိုလား
Photo: Tribuna
Photo: Tribuna
Published 12 July 2025

အာဆင်နယ်ပရိသတ်တချို့ဟာ အင်္ဂလန်တောင်ပံကစားသမား မာဒူအေကေအား ခေါ်ယူမှုကို လိုလားနှစ်သက်ခြင်းမရှိဘူးလို့ သိရပါတယ်။

အာဆင်နယ်အသင်းက ချယ်လ်ဆီးကစားသမား မာဒူအေကေကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေတာဖြစ်တယ်။

ပရိသတ်တချို့က လူမှုကွန်ရက် Xမှာ #NoToMadueka ဆိုပြီး မခေါ်ယူဖို့ တောင်းဆိုနေတာပါ။

ဆန္ဒမဲကောက်ခံမှုမှာလည်း ထောက်ခံသူ လေးထောင်ကျော် ရရှိထားပါတယ်။

အဲမရိတ်စ်ကွင်းပြင်ပမှာလည်း နည်းပြ အာတေတာပုံနဲ့ "Arteta Out"လို့ ရေးခဲ့ကြပါတယ်။

ပရိသတ်တွေက မာဒူအေကေထက် ရီးယဲလ်က ရိုဒရီဂို၊ ပဲလေ့စ်က အက်ဇီးတို့လို ပိုပြီးနာမည်ကျော်ကြားသူတွေကို အလိုရှိနေတာဖြစ်ပါတယ်။

Most Read

Most Recent