လေးနှစ်ကျော်အတွင်း ပညာရေးဝန်ထမ်း ၇၇ ဦး သတ်ဖြတ်ခံရပြီး ပညာရေးအဆောက်အအုံများ ဗုံးဖောက်ခွဲခံရမှုအကြိမ် ၅၆၀၊ မီးရှို့ခံရမှု ၁၂၃ ကြိမ်ရှိ

လေးနှစ်ကျော်အတွင်း ပညာရေးဝန်ထမ်း ၇၇ ဦး သတ်ဖြတ်ခံရပြီး ပညာရေးအဆောက်အအုံများ ဗုံးဖောက်ခွဲခံရမှုအကြိမ် ၅၆၀၊ မီးရှို့ခံရမှု ၁၂၃ ကြိမ်ရှိ
Published 16 May 2025

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ ပညာရေးဝန်ထမ်း ၇၇ ဦး သတ်ဖြတ်ခံရပြီး ပညာရေးအဆောက်အအုံများ ဗုံးဖောက်ခွဲခံရမှုအကြိမ် ၅၆၀၊ မီးရှို့ခံရမှု ၁၂၃ ကြိမ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ လက်ရှိအချိန်အထိ PDF များ၏ လုပ်ရပ်ကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများနှင့် ထိခိုက် သေဆုံးခဲ့ရသည့် ပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍ သတင်းမီဒီယာတစ်ခု၏မေးမြန်းမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ဖြေကြားထားခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ PDF များ၏ လုပ်ရပ်များကြောင့် ပညာရေးဆိုင်ရာ (စာသင်ကျောင်း၊ ၊ မီးရှို့ဖျက်ဆီးခံရမှု ၁၂၃ ကြိမ်၊ ပညာရေးဝန်ထမ်းများ ခြိမ်းခြောက်ခံရမှု ၄၄၉ ကြိမ်၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ သတ်ဖြတ်ခံရမှု ၇၇ ဦး ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

လက်ရှိတွင် အခြေပညာကျောင်းများ၌ မေ ၂၂ ရက်မှစတင်၍ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၂ ရက်မှစတင်၍ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent