မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာ ဟင်က သူသည် မော်စကိုသို့သွားရောက်သည့် ခရီးစဉ်အတွင်း မလေးရှားလေကြောင်းလိုင်း MH17ပစ်ချခံခဲ့ရမှုနှင့်ပတ်သက်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးခဲ့သည် ဟု ပြောကြားခဲ့သည်။
ထိုလေယာဉ် ပစ်ချခံရမှုအတွက် ရုရှား တွင် တာဝန်ရှိကြောင်း ကုလသမဂ္ဂက ထုတ် ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအရာတွင် အန်ဝါ က ပူတင်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“မလေးရှားပြည်သူတွေ၊ အထူးသဖြင့် နစ်နာသူတွေရဲ့ မိသားစုဝင်တွေရဲ့ ကိုယ်စား ကျွန်တော်ဟာ သမ္မတ ပူတင်နဲ့ ဒီအကြောင်း အရာကို ဆွေးနွေးဖို့ အခွင့်အရေးကို အရယူ ခဲ့ပါတယ်” ဟု အန်ဝါက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီက ကုလသမဂ္ဂ လေ ကြောင်း ကောင်စီ၏ လေ့လာတွေ့ရှိချက်များ နှင့်ပတ်သက်ပြီး အခြေအနေများအပေါ် မှတ်ချက်ပေးရန်လည်း အန်ဝါကို မီဒီယာများ က တောင်းဆိုခဲ့သည်။
ရုရှားလိုလားသည့် ခွဲထွက်ဝါဒီများနှင့် ယူကရိန်းတပ်ဖွဲကများကြား တိုက်ပွဲများဖြစ် ပွားနေသည့် ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် MH17လေယာဉ်ပစ်ချခံရ မှုအတွက် ရုရှားတွင် တာဝန်ရှိကြောင်း နိုင်ငံ တကာ လေကြောင်းအဖွဲကအစည်းကောင်စီ (ICAO) က ယခုသီတင်းပတ်အတွင်း လေ့ လာတွေ့ရှိခဲ့သည်။
ရုရှားအစိုးရကမူ ခရီးသည်များနှင့်လေ ယာဉ်အမှုထမ်းစုုစုပေါင်း ၂၉၈ ဦးသေဆုံးခဲ့ သည့် MH17လေယာဉ်ပျက်ကျမှုနှင့်ပတ် သက်ပြီး ICAO ၏ လေ့လာတွေ့ရှိချက်များ ကို ငြင်းဆိုခဲ့ပြီး ၎င်းင်းတို့၏ လေ့လာမှုတွင် ဘက်လိုက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အန်ဝါက သူသည် ထိုဖြစ်စဉ်နှင့်ပတ် သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရရှိစေရေး အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု မေ ၁၄ ရက်က Facebook တွင် ရေးသားခဲ့ သည်။
“ဒီလို ဝမ်းနည်းစရာကောင်းတဲ့ကိစ္စကို ဆက်လက်ခံစားနေရတဲ့ နစ်နာသူတွေနဲ့ သူ တို့ မိသားစုဝင်တွေအတွက် တာဝန်ယူမှုနဲ့ ဆုံးဖြတ်ချက်တစ်ခု ရရှိအောင် မလေးရှားက ခိုင်ခိုင်မာမာ ဆက်လက်လုပ်ဆောင်သွားမှာ ပါ”ဟု အန်ဝါက ပြောသည်။
အစည်းအဝေးအတွင်း ပူတင်က နယ်သာလန်နိုင်ငံသား ၁၉၆ ဦး၊ မလေးရှားနိုင်ငံ သား ၄၃ ဦးနှင့် သြစတြေးလျနိုင်ငံသား ၃၈ ဦးအပါအဝင် သေဆုံးခဲ့သူများ၏ မိသားစုဝင် များကို ထပ်တူဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်ဟု အန်ဝါက ပြောကြားခဲ့သည်။
ပူတင်က ထိုကိစ္စကို နိုင်ငံရေးသဘော သက်ဝင်မှုမရှိစေဘဲ ပြည့်စုံကျယ်ပြန့်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းခဲ့ ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
“ICAO ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက် ပြီး ကျွန်တာ်ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ပူ တင်ကလည်း ဒီအကြောင်းအရာကို အစက နေပြီး တုံ့ပြန်ခဲ့ပါတယ်။လွတ်လပ်ပြီး စေ့စပ် သေချာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ သူက တောင်းဆိုခဲ့ပါတယ်” ဟု အန်ဝါက ပြောကြား ခဲ့သည်။
ထိုထုတ်ပြန်ချက်သည် ပိုပြီး ယုံကြည်ရအောင် သို့မဟုတ် ခိုင်မာမှုပိုရှိစေရန် လုပ် ဆောင်ရေးအတွက် ရုရှားက ပူးပေါင်းဆောင် ရွက်ရန် အသင့်ရှိကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်ဟု အန်ဝါက ဆိုသည်။
“ကျွန်တော်အတည်ပြုနိုင်တာကတော့ ပူတင်ဟာ လေ့လာတွေ့ရှိချက်ကို မမှန်ဘူးလို့ ပြောပြီး အဲဒီလေ့လာတွေ့ရှိချက်နဲ့ ပူး ပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးဆိုတာပါပဲ။ ဒါပေမယ့် လွတ်လပ်မှုမရှိဘူးလို့ သူယူဆထား တဲ့အဖွဲ့တွေ ဒါမှမဟုတ် ရုရှားအစိုးရက ယူဆ ထားတဲ့အဖွဲကတွေနဲ့ သူဟာ ပူးပေါင်းဆောင် ရွက်နိုင်မှာမဟုတ်ပါဘူး”ဟု အန်ဝါက ပြော ကြားခဲ့သည်။ အန်ဝါသည် နှစ်နိုင်ငံဆက်ဆံ ရေးများတိုးမြှင့်ရန်အတွက် ရုရှားသို့ သုံးရက် ကြာခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ် သည်။ Ref;Reuters














