ကမ္ဘောဒီးယားနှင့် တရုတ်က နှစ်နိုင်ငံကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်

ကမ္ဘောဒီးယားနှင့် တရုတ်က နှစ်နိုင်ငံကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်
၂၀၂၄ ခုနှစ် မေ ၁၆ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် စစ်ရေးလေ့ကျင့်မှုကို ပါဝင်ရန် ချီတက်နေသည့် တရုတ်စစ်သားများကို တွေ့ရစဉ် (Photo-AP)
၂၀၂၄ ခုနှစ် မေ ၁၆ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် စစ်ရေးလေ့ကျင့်မှုကို ပါဝင်ရန် ချီတက်နေသည့် တရုတ်စစ်သားများကို တွေ့ရစဉ် (Photo-AP)
Published 15 May 2025

ကမ္ဘောဒီးယားနှင့် တရုတ်သည် ၎င်းင်းတို့ နှစ်နိုင်ငံကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ ကျင့်မှုများကို မေ ၁၄ ရက်က စတင်ပြုလုပ်ခဲ့ ပြီး ထိုစစ်ရေးလေ့ကျင့်မှုတွင် လက်နက်ကြီး များ၊ စစ်သင်္ဘောများနှင့် စစ်မြေပြင်သုံးစက် ရုပ်ခွေးများအပါအဝင် တရုတ်၏ ခေတ်မီစစ် လက်နက်ပစ္စည်းများ ပါဝင်ခဲ့သည်။

ကမ္ဘောဒီးယားသည် တရုတ်၏ ကာလ ကြာရှည်မဟာမိတ်ဖြစ်ခဲ့ပြီး တရုတ်ထံမှဒေါ် လာဘီလျံချီတန်ကြေးရှိသည့် ရင်းနှီးမြှုပ်နှံမှု များ ရရှိခဲ့ကာ အမေရိကန်ကမူ တရုတ်သည် ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ထိုင်းပင်လယ်ကွေ့ရှိ ကမ္ဘောဒီးယားရေတပ်စ ခန်းကို အသုံးချမည့်အရေးကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

မေ ၂၈ ရက်အထိ ပြုလုပ်မည့် ထိုစစ်ရေး လေ့ကျင့်မှုများတွင် တရုတ်စစ်မှုထမ်း ၉၀၀ နီးပါးနှင့် ကမ္ဘောဒီးယားစစ်သား ၁၃၀၀ ကျော် ပါဝင်ခဲ့ကြောင်း တော်ဝင် ကမ္ဘောဒီးယားစစ်တပ် (RCAF) က ထုတ်ပြန်ခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုများတွင် ကျည်ကာ ကားများ၊ ရဟတ်ယာဉ်များ၊ စစ်သင်္ဘောများ၊ ကင်းလှည့်ဒရုန်းများနှင့် စစ်မြေပြင်သုံး စက်  ရုပ်ခွေးများအပါအဝင် တရုတ်စစ်တပ်၏ ခေတ်မှု လက်နက်ပစ္စည်းများပါဝင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နှစ်နိုင်ငံစစ်တပ်ကြား ပူးပေါင်းဆောင် ရွက်မှုနှင့် ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် နှစ် စဉ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ် ကြောင်း RCAF က ထုတ်ပြန်ခဲ့သည်။

“အခုုစစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်တဲ့ စစ်မှုထမ်းအရေအတွက်နဲ့ လက်နက်ပစ္စည်း တွေဟာ အရင်နှစ်က စစ်ရေးလေ့ကျင့်မှုထက် ပိုမိုများပြားပါတယ်” ဟု RCAF ပြောရေးဆို ခွင့်ရှိသူ သွန်း ဆိုလီမာက အေအက်ဖ်ပီသ တင်းအေဂျင်စီကို ပြောကြားခဲ့သည်။

တရုတ်ရေတပ်သင်္ဘောဖြစ်သည့် ချန် ပိုင်ရှန်းသည် တရုတ်က အဆင့်မြှင့်တင်မွမ်းမံခဲ့သည့် ကမ္ဘောဒီးယား၏ ရီအမ်ရေတပ်စ ခန်းတွင် စစ်ရေးလေ့ကျင့်မှုများအတွက် စစ် လက်နက်ပစ္စည်းများနှင့်အတူ မေ ၁၂ ရက်က တည်းက ဆိုက်ကပ်ခဲ့ကြောင်း ၎င်းင်းက ဆို သည်။

တရုတ်သည် Gold Dragon အမည် ရှိ စစ်ရေးလေ့ကျင့်မှုမှတစ်ဆင့် ၎င်းင်း၏အင် အားကို ပြသလိုပြီး စူပါပါ၀ါနိုင်ငံဖြစ်သည်ဆို သည့်အချက်ကို သတင်းစကားပေးပို့ရန် ရည် ရွယ်ထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံရေး လေ့လာသုံးသပ်သူ အူ ဗီရက်ခ်က အေအက်ဖ် ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“တရုတ်က ဒေသတွင်း သူ့ရဲ့ သြဇာအာ ဏာလွှမ်းမိုးမှုကို ပိုမိုမြှင့်တင်ဖို့ သေချာပေါက် ကြိုးစားနေပါတယ်”ဟု ၎င်းင်းကဆိုသည်။အင်အားပြသခြင်းထက်ကျော်လွန်ပြီး တရုတ်သည် နည်းပညာဖွံ့ဖြိုးတိုးတးက်မှုသာ မက စစ်အင်အားသည် ပိုမိုကြီးထွားလာသည့် အချက်ကို မိတ်ဖက်နိုင်ငံများကြား အချင်း ချင်း ပြောဆိုကြရန် ယုံကြည်မှုတစ်ခုတည် ဆောက်ရန် လိုအပ်ကြောင်း အူဗီရက်ခ်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် တရုတ်ထံမှ စစ် သင်္ဘောနှစ်စင်းကိုလက်ခံရရှိမည်ဖြစ်သည်။ ပထမအကြိမ် Gold Dragon စစ်ရေးလေ့ ကျင့်မှုကို ၂၀၁၆ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ကမ္ဘောဒီးယားသည် အမေရိကန်နှင့် ခုနစ်နှစ်ကြာ ပြုလုပ်ခဲ့သည့် Angkor Sentinel အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဖျက်သိမ်းခဲ့သည်။

တရုတ်သမ္မတ ရှီကျင်းပင်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန် ဧပြီလအတွင်းက ကမ္ဘောဒီးယားသို့ လာရောက်ခဲ့သည့်နှစ်ရက် ကြာ ခရီးစဉ်အပြီးတွင် ယခုစစ်ရေးလေ့ကျင့် မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Ref;AFP

 

 

Most Read

Most Recent