အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Air Force One အဖြစ် အသုံးပြုရန် ကာတာ ထံမှရရှိမည့် လေယာဉ်ကို လက်ခံရယူမည့် ၎င်းင်း၏အကြံအစည်များနှင့်ပတ်သက်၍ စိုး ရိမ်ပူပန်မှုများကို မေ ၁၂ ရက်တွင် ဒေါသ တကြီး ပယ်ချလိုက်ပြီး ဤကဲ့သို့သောလက် ဆောင်ကို လက်မခံခြင်းသည် မိုက်မဲရာကျ လိမ့်မည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာသန်း ၄၀၀ တန် သော Boeing 747-8 လေယာဉ်ကို အမေ ရိကန်သမ္မတ စီးနင်းသောလေယာဉ်အဖြစ် အသုံးပြုရန် ကာတာ တော်ဝင်မိသားစုထံမှ ကမ်းလှမ်းချက်က ကျင့်ဝတ်၊ လုံခြုံရေးတို့နှင့် ပတ်သက်၍ မေးခွန်းကြီးများကို ပေါ်ပေါက် စေခဲ့သည်ဆိုသော်လည်း ထရန့်က အဆိုပါ မေးခွန်းများကို အရေးမပါသလိုသဘောထားခဲ့သည်။
ကာတာက အလဲအလှယ်အားဖြင့် တစ် ခုခုကို မျှော်လင့်ထားခြင်းရှိမရှိ ဖြေကြားပေး ရန် သတင်းထောက်က မေးမြန်းသည့်အခါ အသက် ၇၈ နှစ်အရွယ်ရှိ ထရန့်က “ဒါဟာ ကြီးမြတ်တဲ့ အမူအရာပါပဲ”ဟု ဖြေကြားခဲ့ သည်။
“ကျွန်တော်ကတော့ အဲဒီလို ကမ်းလှမ်း ချက်မျိုးကို ဘယ်တော့မှ ငြင်းမယ့်သူမဟုတ် ပါဘူး။ အလွန်တန်ဖိုးကြီးတဲ့လေယာဉ်ကို ကျွန်တော်တို့က အခမဲ့မလိုချင်ပါဘူးလို့များ ပြောလိုက်မယ်ဆိုရင် ကျွန်တော်ဟာ မိုက်မဲသူ ဖြစ်သွားနိုင်ပါတယ်ဆိုတဲ့ သဘောကို ပြော တာပါ”ဟု သမ္မတက အိမ်ဖြူတော်တွင် ပြော ကြားခဲ့သည်။
လက်ရှိ သက်တမ်းရင့် Air Force One လေယာဉ်များ၏နေရာတွင် Air Force One အသစ် နှစ်စင်းကို ထုတ်ပေးမည့် Boeing ၏ကန်ထရိုက်သည် ကြန့်ကြာမှုများ၊ ကုန်ကျ စရိတ်များပြားခြင်းများရှိမည်ဟု ထရန့်က အကြိမ်ကြိမ် ဆင်ခြေပေးနေခဲ့ပြီးနောက် ကာ တာ၏ကမ်းလှမ်းချက် ဖြစ်ပေါ်လာခြင်းဖြစ် သည်။
သမ္မတရာထူးမှ ထွက်သွားပြီးပါက ထရန့်အနေဖြင့် ယင်းလေယာဉ်ကို ကိုယ်ရေး ကိုယ်တာအတွက် အသုံးပြုမည်လားဟု သတင်းထောက်ကမေးမြန်းသည်ကို ထရန့်က ဒေါသတကြီး ဖြေကြားခဲ့သည်။
“အဲဒီမေးခွန်းကို မေးတဲ့အတွက် ရှက် သင့်ပါတယ်။ သူတို့က ကျွန်တော်တို့ကို လေယာဉ်ပျံတစ်စင်း အလကားပေးတာပါ။ အလကားတော့ မပေးပါနဲဗျာ၊ ဒေါ်လာ သန်း တစ်ထောင်၊ ဒါမဟုတ် ဒေါ်လာသန်း ၄၀၀ ဒါမှမဟုတ် တစ်ခုခုတော့ပေးမယ်ဗျာလို့ ကျွန်တော်ပြောမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် ကျေးဇူးအများကြီးတင်ပါတယ်လို့ ကျွန်တော် ပြောရမှာပါ”ဟု ထရန့်က ပြောကြား ခဲ့သည်။
ရော်နယ်ရေဂင်၏ စာကြည့်တိုက်က Air Force One တစ်စင်းကို ထိန်းသိမ်းထား သည့်အတိုင်း ထရန့်ကလည်း ၎င်းင်း၏ အနာ ဂတ်သမ္မတစာကြည့်တိုက်အတွက် လေယာဉ် ကို လှူဒါန်းပြီး ပြသထားမည်ဟုဆိုသည်။
ကာတာက အုတ်အော်သောင်းတင်းဖြစ်သွားခြင်းကို လျော့ပေါ့ပြောဆိုရန် လျင်လျင်မြန်မြန် နည်းလမ်းရှာခဲ့ပြီး လေယာဉ်ကို လက်ဆောင်အဖြစ်ပေးသည်ဟု ဖော်ပြနေသော သတင်းများသည် မမှန်ကန်ဟု ပြော ကြားခဲ့သည်။
“လေယာဉ်ကိ Air Force One အဖြစ် ယာယီအသုံးပြုရေးအတွက် ဖြစ်လာနိုင်စရာ လွှဲပြောင်းမှုကို ကာတာ ကာကွယ်ရေးဝန် ကြီးဌာနနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနတို့က လောလောဆယ်မှာ စဉ်းစားသုံး သပ်နေဆဲပါ”ဟု အမေရိကန်နိုင်ငံဆိုင်ရာ ကာတာ၏ မီဒီယာသံမှူး အလီအယ်အန်ဆာ ရီကပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးဟု ဆိုသည်။
အမေရိကန်ဖွဲ့စည်းပုံ၏ လုပ်ခငွေများ ဟူသော ဥပဒေအပိုဒ်တွင် အစိုးရတာဝန်ရှိ သူများသည် ဘုရင်၊ မင်းသား၊ ပြည်ပနိုင်ငံတို့ ထံမှ လက်ဆောင်များရယူခြင်းကို တားမြစ် သည်ဟု ဖော်ပြထားသည်။
သမ္မတဒေါ်နယ်ထရန့်က ရာထူးသက် တမ်းကုန်သည့်အခါ လေယာဉ်ကို ၎င်း၏သမ္မတစာကြည့်တိုက်သို့ လွှဲပြောင်းပေး ခြင်း ဖြင့် ဥပဒေကို ရှောင်ကွင်းသွားလိမ့်မည် အကဲ ခတ်များက ပြောသည်။
Ref;AFP














