စမ်းချောင်းမြို့နယ်တွင် တိုက်ခန်းလေးလွှာပေါ်သို့ ဖုန်းတက်ခိုးသူတစ်ဦး အိမ်ရှင်များ နိုးလာသဖြင့် ခုန်ချရာမှ သေဆုံးခဲ့ကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူအချို့၏ ပြောကြားချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက် နံနက် ၄ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ် ပြည်သူ့ကွက်သစ် ၁ လမ်းထိပ်ရှိ တိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" အသက်ကတော့ ၄၀ လောက်ရှိမယ်။ အိမ်ရှင်တွေ နိုးသွားတော့ တိုက်ပေါ်က ခုန်ချတာ။ ခုန်မချနဲ့လို့ ပြောတာကို သူလည်း ကြောက်လန့်ပြီး ခုန်ချတာဖြစ်မယ်။ နောက်ဖေးပြတင်းပေါက်ကနေ ခုန်ချတာ" ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီခဲ့ကြောင်း၊ တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီးအား စမ်းသပ်စစ်ဆေးရာတွင် သေဆုံးနေပြီဖြစ်ကြောင်း၊ လိုအပ်သည်များကို စစ်ဆေးနိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့















