■ အောင်မြေသာစံ မြို့နယ်ရှိ မိုးမန္တလေး ရွှေဆိုင် ဓါးပြတိုက်ခံရမှု ဖြစ်ပွား

■ အောင်မြေသာစံ မြို့နယ်ရှိ မိုးမန္တလေး ရွှေဆိုင် ဓါးပြတိုက်ခံရမှု ဖြစ်ပွား
Published 11 April 2025

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊  ၅၈ G လမ်း၊ ၁၀ F လမ်းနှင့် ၁၀ E လမ်း ကြားရှိ "မိုးမန္တလေး"ရွှေဆိုင်၌ ရွှေထည်များအား ဓါးပြတိုက်လုယူမှု ဧပြီ ၁၀ ရက် မွန်းလွဲ ၂နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မိုးမန္တလေးရွှေဆိုင်အား ဆိုင်ကယ်သုံးစီးနှင့်လူငါးဦးခန့်က ရောက်ရှိလာပြီး  ရွှေပေါင်ချင်သည်ဟုပြောဆိုခဲ့ကြောင်း ၊ ပိုင်ရှင်မှ ရွှေအပေါင်မခံသေးကြောင်းပြောလိုက်ရာ အသင့်ပါလာသော ဓါးများဖြင့်  မှန်ကောင်တာများအား ရိုက်ခွဲခဲ့ကြောင်း သိရသည်။

ထို့နောက် မှန်ကောင်တာတွင်းရှိ ရွှေထည်ပစ္စည်းများကို လုယူသွားခဲ့ကာ စီးလာသည့် ဆိုင်ကယ်တစ်စီးနှင့်ဓါးရှည်တစ်ချောင်း ကျန်ခဲ့ကာ လုယူသွားသူများကို ဖမ်းဆီးရမိရေး တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဧပြီ ၅ ရက်နေ့ကလည်း အမရပူရမြို့နယ် ၊ဆင်ရွာမြင်းမူကျေးရွာရှိ အထည်ဆိုင်တစ်ခုအား သေနတ်ကိုင်ဆောင်ထားသည့် လူ၆ဦးခန့်က ရွှေထည်နှင့်ငွေသားတို့အား လုယက်တောင်းယူမှု ဖြစ်ပွားခဲ့သည်။

Most Read

Most Recent