ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့(မတ် ၇ ရက်)တွင် ဘယ်လာရုစ်သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
ထိုသို့တွေ့ဆုံမှုတွင် နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှင်းကော့တို့သည် ယနေ့(မတ် ၇ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနန်းတော်တွင် သီးသန့်တွေ့ဆုံဆွေးနွေးခြင်း၊ နှစ်နိုင်ငံဆွေးနွေးမှုပြုလုပ်ခြင်းတို့ဆောင်ရွက်မည်ဖြစ်သည်။
ယင်းသို့တွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံ သဘောတူညီမှုစာချွန်လွှာအချို့ လက်မှတ်ရေးထိုးရန်ရှိကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှင်းကော့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ချီးမြှင့်အပ်နှင်းရန် ရှိကြောင်းသိရသည်။
နစကဥက္ကဋ္ဌသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း ဝန်ကြီးချုပ်ရုံးနှင့် အမျိုးသားလွှတ်တော်တို့တွင် သီးခြားတွေ့ဆုံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။















