မြောက်ဒဂုံမြို့နယ်တွင် ပြည်ပအလုပ်အကိုင်ရှာဖွေပေးသူ လုပ်ကိုင်သူတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆွဲကြိုးချသေဆုံးမှုမှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို ၉ နာရီ ၅၅ မိနစ်မှာ သတင်းရောက်လာလို့ သွားရောက်ကူညီခဲ့ပါတယ်။ သူ့ဆီမှာ ပတ်စ်ပို့စ်စာအုပ်တွေလည်း တွေ့ရတယ်။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလုပ်တဲ့သူဆိုတာကတော့ သေချာပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာပါ” ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူထံမှ ပတ်စ်ပို့စာအုပ် ၇၀ ခန့်ကို တွေ့ရှိရကြောင်း၊ အလုပ်အကိုင်ကိစ္စကြောင့် မိမိကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။















