မန္တလေးမြို့ရှိ မဟာအောင်မြေမြို့နယ် ရှိ ကမ္ဘောဇဘဏ်သို့ လက်လုပ်သေနတ်ဖြင့် ဓါးပြလာတိုက်သူ တစ်ဦးအား ၀ိုင်းဝန်းဖမ်းဆီးခဲ့မှု ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ် ၊ ၇၃ လမ်း လမ်း၄၀ နှင့် ၄၁ လမ်းကြား၊မဟာနွယ်စဉ်ရပ်ကွက် ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်( ၃၇ )ဗောဓိကုန်းဘဏ်ခွဲသို့ ယနေ့ (ဇန်နဝါရီ ၁၁ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး လက်လုပ်သေနတ်အတို ထုတ်ပြကာ ဓါးပြတိုက်ယူရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အသင့်ပါလာသော အိတ်အတွင်းသို့ ငွေများ ထည့်သွင်း၍ ပြန်ထွက်လာစဉ် ဘဏ်ဝင်ပေါက် ရှိ ဘဏ်လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ ၎င်းမှ လက်လုပ်သေနတ်အတိုဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် မန်နေဂျာဖြစ်သူမှာ လက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း သိရသည်။
ကျူးလွန်သူကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု စုံစမ်းသိရသည်။















