သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး

သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
Published 19 November 2024

 

 

လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားသည့် သထုံမြို့နယ် မြေနီ ကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း နံဘေးရှိ Puma Power  စက်သုံးဆီအရောင်း ဆိုင်မန်နေဂျာ ၁၀ ရက်ကြာသည်အထိ အဆက် အသွယ်မရသေးကြောင်း ၎င်းစက်သုံးဆီအ ရောင်းဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်း က မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းကျေး ရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးရှိ Puma Power စက်သုံးဆီအရောင်းဆိုင် မန် နေဂျာဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်သိမ့် သူဇာအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်း ဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် စက်သုံးဆီဆိုင်သို့ မည်သူမျှဆက်သွယ် လာခြင်းမရှိသေးဟု သိရကြောင်း ၎င်းစက်သုံး ဆီအရောင်းဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “မသိမ့်သူဇာက သထုံမြို့နယ် နောင်ကုလားရွာကြီးကျေးရွာမှာ နေထိုင်တဲ့သူပါ။ သူ့မိသားစုဆီကိုလည်း ဘာ အဆက်အသွယ်မှ မရသေးဘူးလို့ ကြားသိရ ပါတယ်” ဟု ပြောကြားသည်။

ပြန်ပေးဆွဲသည့် ပုံစံမျိုးဖြစ်သည့်အတွက် ကြောင့် ငွေကြေးမည်မျှဖြင့် ရွေးရမည်ကို လည်း အသိပေးလာခြင်းမရှိသေးဟုလည်းသိ ရကြောင်းနှင့် ထိုအခြေအနေကြောင့် စက်သုံး ဆီအရောင်းဆိုင်မန်နေဂျာ ဒေါ်သိမ့်သူဇာ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရ ကြောင်းလည်း ၎င်းက ဆိုသည်။

နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က သထုံမြို့နယ် မြေနီကုန်း ကျေးရွာရှိ အဆိုပါ Puma Power စက်သုံးဆီ အရောင်းဆိုင်သို့ probox အမည်းရောင်ယာဉ် တစ်စီးရောက်ရှိလာပြီး ယာဉ်ပေါ်မှ လက်နက် ကိုင် အမျိုးသားနှစ်ဦး ဆင်းလာကာ ဆိုင်ဝန်ထမ်းဖြစ်သူ မောင်ဟန်ထူးစျာန်နှင့် မောင်အောင် မြင့်သန်းတို့နှစ်ဦးအား စစ်ဆေးရန်ရှိသည်ဟု ဆိုကာ စက်သုံးဆီအရောင်းဆိုင် အနောက် ဘက်သို့ ခေါ်သွားပြီးနောက် ၎င်းတို့ နှစ်ဦး၏လက်အား ကြိုးချည်နှောင်ပြီး ပါးစပ်အား တိပ်အကြည်ရောင်စဖြင့် ရစ်ပတ်ချုပ်နှောင်ထားခဲ့ ကြောင်းနှင့် မိုင်းပေါက်ကွဲသံကြားမှသာ စက်သုံးဆီအရောင်းဆိုင်အနောက်မှ ထွက်လာကြ ရန် မှာကြားခဲ့သည်ဟု သိရကြောင်း စက်သုံးဆီ အရောင်းဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။

ထို့နောက် သေနတ်ကိုင်ဆောင်ထား သော နောက်ထပ်အမျိုးသားတစ်ဦးက စက် သုံးဆီဆိုင်အတွင်းရှိ မန်နေဂျာ၏ရုံးခန်းသို့ ဝင်ရောက်သွားကာ စက်သုံးဆီအရောင်းဆိုင် မန်နေဂျာဖြစ်သူ ဒေါ်သိမ့်သူဇာအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန်နေဂျာရုံးခန်းအတွင်းရှိ  Acer အမျိုးအစား လက်တော့တစ်လုံး၊ စားပွဲအံဆွဲ အတွင်းမှ စက်သုံးဆီရောင်းချရငွေ ကျပ်ခြောက် သိန်းကျော်အား ယူဆောင်သွားပြီးနောက် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ဘက်သို့ မောင်း နှင်သွားကြောင်းနှင့် မွန်းလွဲ  ၁၂ နာရီ ၄၅ မိ နစ်ခန့်တွင် မန်နေဂျာရုံးခန်းအတွင်းမှ အသံ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

          အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မုဒုံမြို့နယ် ကျိုက်ရွဲ ကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံ ဝင်းအတွင်းသို့ အင်အား ၂၀ ခန့်ရှိ မွန်ပြည် သစ်ပါတီ   (AD)  အဖွဲ့က သေနတ်ဖောက်ကာ ဝင်ရောက်လာပြီးနောက် စက်ရုံမှူး၊ မန်နေဂျာ နှင့် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ၎င်းင်းတို့ သုံးဦးအား ပြန်လည်လွှတ် ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent