မြန်မာနိုင်ငံ မြဝတီဘက်သို့ ထိုင်းကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်သော ထိုင်းကုန်တင်ယာဉ် ၁၈ ဘီးကားအောက်တွင် အံ ဝှက်လုပ်ပြီး တရားမဝင် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားရှစ်ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းတို့ကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးခံရကြောင်း ထိုင်နိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။
ထိုင်း- မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် အားထုတ် သည့် မြန်မာနိုင်ငံသားများကို ထိုင်းနယ်ခြား စောင့်တပ်က ဖမ်းဆီးခဲ့ခြင်းသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် နယ် စပ် မဲဆောက်မြို့နယ် အပါအဝင် ငါးမြို့နယ် တွင် နယ်စပ်မှတစ်ဆင့် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်ခြင်းမရှိစေရေးအတွက် ဆောင်ရွက်နေစဉ် မြဝတီမှပြန်လာသော ၁၈ ဘီးကုန်တင်ယာဉ်အား စစ်ဆေးစဉ် မြန်မာ နိုင်ငံသားရှစ်ဦးကို ကားအောက်တွင် သစ်သား အံဝှက်ပုံစံပြုလုပ်ကာ သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။
မဲဆောက်ခရိုင် နယ်ခြားစောင့်စစ်တပ် အာဏာပိုင်များသည် ၁၈ ဘီးကုန်တင်ယာဉ် မောင်းဖြစ်သူ အုပ်နိထိကို ဖမ်းဆီးကာ မော်တော် ယဉ်ကိုပါ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
၁၈ ဘီးကုန်တင်ယာဉ်ဖြင့် လိုက်ပါလာသူ မြန်မာနိုင်ငံသားများတွင် အမျိုးသားခြောက် ဦး၊ အမျိုးသမီးနှစ်ဦးတို့ပါဝင်ပြီး မဲဆောက်ရဲ စခန်းတွင် ထိန်းသိမ်းထားကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။