အစ္စရေး၏ တဲလ်အဗစ်မြို့ရှိ လေတပ်စခန်းကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ ပြောကြား

အစ္စရေး၏ တဲလ်အဗစ်မြို့ရှိ လေတပ်စခန်းကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ ပြောကြား
■ပုံစာ-အောက်တိုဘာ ၂၅ ရက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားနေစဉ်(Photos-AFP)
■ပုံစာ-အောက်တိုဘာ ၂၅ ရက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားနေစဉ်(Photos-AFP)
Published 26 October 2024

လက်ဘနွန်နိုင်ငံ၏ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့သည် အစ္စရေး၏ တဲလ်အဗစ်မြို့တောင်ပိုင်းရှိ လေတပ်စခန်းတစ်ခုကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်က ပြောကြားသည်။

ဟစ်ဇ်ဘိုလာနှင့် အစ္စရေးအကြား တစ်နှစ်ကြာ နယ်စပ်ဖြတ်ကျော်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်လတွင် အစ္စရေးနှင့်ဟစ်ဇ်ဘိုလာအကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးစစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို မကြာခဏကြေညာလေ့ရှိသော်လည်း တစ်နှစ်အတွင်း အစ္စရေး၏ မြို့တော်ဟောင်းဖြစ်သည့် တဲလ်အဗစ်မြို့အနီးရှိ Tel Nof လေတပ်စခန်းကို ဒရုန်းများဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။

အစ္စရေးကလည်း လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးလျက်ရှိသည်။

■Ref:AFP

Most Read

Most Recent