ပုလောမြို့ ကျောက္ကာရွာ စက်လှေနစ် မြုပ်မှု အလောင်း ၁၇ လောင်း တွေ့ရှိထားကာ ရှစ်ဦးပျောက်ဆုံးနေပြီး ရှာဖွေရေးလုပ်ငန်း များကို ရပ်တန့်ထားရကြောင်း မြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းမှ သိရသည်။
“နှစ်ရက်ကို ၁၇ လောင်းတွေ့ထားတယ်။ အခုတော့ ရှာဖွေမှုတွေကို ရပ်ထားရတယ်။ မုန်တိုင်းရှိနေတော့ ရှာဖို့လည်း မလွယ်တော့ မနေ့က ညနေပိုင်းကတည်းက ရပ်ထားတယ်။ ပျောက်တာကတော့ စာရင်းအရဆို ရှစ် ယောက်တော့ရှိတယ်။ ဒါကစာရင်းအရပေါ့။ လုံးဝကို ရှာမတွေ့တာ” ဟု ချစ်ကြည်ရေး ပရ ဟိတအသင်း (မြိတ်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လတ်တလောတွင် စက်လှေကိုလည်း ရှာဖွေမတွေ့ရှိသေးကြောင်း၊ ယင်းစက်လှေကို ရှာဖွေတွေ့ရှိမှသာ ပျောက်ဆုံးနေသူများ၏ အခြေအနေများကို သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းင်းကဆက်လက်ပြောကြားသည်။
“ လှေကိုတော့ အခုထိရှာလို့မရသေးသ လို တွေ့လည်း မတွေ့သေးဘူး” ဟု ချစ်ကြည် ရေး ပရဟိတအသင်း (မြိတ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
စက်လှေတိမ်းမှောက်ပြီး အောက်တို ဘာ ၂၁ ရက်တွင် အလောင်းရှစ်လောင်း တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၂၂ ရက် နံနက် တွင် အလောင်းကိုးလောင်း ထပ်မံတွေ့ရှိ ခြင်းကြောင့် စုစုပေါင်း ၁၇ လောင်းအထိ ရှိလာပြီဖြစ်ကြောင်း၊ စက်လှေနစ်မြုပ်မှုတွင် ပါဝင်သည့် လူ ၆၀ ကျော်ကို ဒေသခံများက ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဆယ်ယူရရှိခဲ့သည့် အလောင်းကိုးလောင်း မှာ ၁၆ နှစ်အရွယ် ကျောင်းသူ မဇူလှိုင်လင်း၊ ငါးနှစ်အရွယ် မောင်ဘုန်းကိုကို၊ ခြောက်နှစ် အရွယ် မောင်အောင်ဇွဲ၊ ခုနစ်နှစ်အရွယ် မဇူး ဇူးစံ၊ ၁၇ နှစ်အရွယ် မနှင်းအိကျော်၊ ၁၃ နှစ် အရွယ် မောင်စွဲမက်အောင်၊ ၁၅ နှစ်အရွယ် မောင်ကွန်းဆက်အောင်နှင့် ၁၆ နှစ်အရွယ် မမေသဇင်ဖူးတို့ဖြစ်သည်။
၎င်းတို့သည် ကန်စွန်းအင်းကျေးရွာ ကျောက္ကာရွာ၊တိုရွာ၊ကော့ဒွေးရွာ၊ ပြင်းငယ်ရွာနှင့်ပလမြို့တို့မှ ဖြစ်ကြောင်း သိရသည်။
နစ်မြုပ်ခဲ့သည့် စက်လှေမှာ အောက်တို ဘာ ၂၀ ရက် ည ၉ နာရီကျော်က တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာလာ ပြီး ကျောက္ကာကျေးအနီး ကျောက္ကာချောင်းဝ တွင် နစ်မြှုပ်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုအခြေ အနေများနှင့် ညပိုင်းဖြစ်နေသဖြင့် သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းစက်လှေတွင် ကုန်ပစ္စည်းအပြည့် နှင့် လူအနည်းဆုံး ၈၀ ကျော် တင်ဆောင်လာ ကြောင်း၊ သီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်ပြီး ကျောင်းတက်အမီ ပြန်လာသည့် ကလေးငယ်များလည်းပါဝင်သည်။