ယခုရာသီ၌ ဂိုးမသွင်းနိုင်သေးသည့် ဘယ်လင်ဂမ်ကို အန်ဆယ်လော့တီ ကာကွယ်ပြောကြား

ယခုရာသီ၌ ဂိုးမသွင်းနိုင်သေးသည့် ဘယ်လင်ဂမ်ကို အန်ဆယ်လော့တီ ကာကွယ်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 22 October 2024

ရီးယဲလ်အသင်း၏နည်းပြ အန်ဆယ်လော့တီက ယခုရာသီ၌ ဂိုးမသွင်းနိုင်သေးသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကို ကာကွယ်ပြောကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘယ်လင်ဂမ်(၂၁ နှစ်)သည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ရီးယဲလ်အသင်းထံ ယူရို(၁၀၃)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ၌ ပြိုင်ပွဲစုံ(၄၂)ပွဲကစားကာ (၂၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

ယခုရာသီတွင်မူ ပြိုင်ပွဲစုံ(၉)ပွဲ ကစားပြီးချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် အန်ဆယ်လော့တီက ကာကွယ်ပြောကြားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

''သူ့လုပ်ဆောင်မှုအတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော် အရမ်းကျေနပ်ပါတယ်။  သူက အလုပ်အများကြီးလုပ်နေတာပါ။ ပြီးခဲ့တဲ့နှစ်ကလို သူ ဂိုးတွေအများကြီးမသွင်းနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက အံ့အားသင့်စရာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်မှာ ဂိုးတွေ သွင်းနိုင်ခဲ့တာကမှ အံ့အားသင့်စရာပါ။ ဒီနှစ် သူ ဂိုးတွေ မသွင်းနိုင်တာက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်ဆဲဖြစ်သလို၊ ဂိုးတွေ သွင်းနိုင်ဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းမှာ အရည်အသွေးအပြည့်ရှိတဲ့ ကစားသမားတွေ ရှိနေလို့ပါ။ ကျွန်တော်တို့အတွက် ဘယ်လင်ဂမ်က ဂိုးတွေ သွင်းတာထက် ပိုအရေးပါတဲ့အလုပ်တွေ လုပ်ဆောင်နေပါတယ်''ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

ဘောလုံးသုံးသပ်သူအချို့ကမူ ဘယ်လင်ဂမ်သည် ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာသည့်အတွက် ဂိုးမသွင်းယူနိုင်တော့ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

Most Read

Most Recent