ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 6 October 2024

အက်စတွန်ဗီလာ - မန်ယူ (တနင်္ဂနွေည ရး၃၀ နာရီ)

အက်စတွန်ဗီလာအသင်းက ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ကစားပြီးနောက် ပရီးမီးယားလိဂ်မှာ နောက်ထပ် ပွဲကျပ် တစ်ပွဲအဖြစ် မန်ယူနိုက်တက်အသင်းနဲ့ ကစားရမယ်။ ဗီလာအသင်းက လက်ရှိ အခြေအနေမှာ မန်ယူနိုက်တက်အသင်းထက် စွမ်းဆောင်ရည်ပိုကောင်းတာတွေ့ရတယ်။ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၅သင်းထဲမှာ ရှိနေတယ်။ တိုက်စစ်ပိုင်းမှာ ပေါက်ကွဲ အားကောင်းတဲ့ အိုလီဝက်ကင်စ်ဦးဆောင်နေပြီး ဘိုင်လီ၊ ရော်ဂျာစ်တို့လို ကစားသမားတွေက တိုက်စစ်ကစားပုံကိုပံ့ပိုးပေးနေ တယ်။ မန်ယူနိုက်တက်အသင်းကတော့ တန်ဟက်ဂ်လက်ထက်မှာ တည်ငြိမ်မှုမရှိတဲ့ ခြေစွမ်းကို ဆက်ထိန်းထားဆဲလို့ ပြော ရမယ်။ နောက်ဆုံးကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ အခြေအနေဆိုးရွားခဲ့သလို၊ ဒီပွဲမှာလည်း ဖိအားတွေနဲ့ ကစားရမယ့် အခြေအနေဖြစ် နေတယ်။ အိမ်ကွင်းလည်းအားကောင်းတဲ့ ဗီလာ နိုင်ပွဲ ယူလိမ့်မယ်။ ၂-၁၊ ၃-၁ လောက်ဖြစ်မယ်။

ချယ်လ်ဆီး - နော်တင်ဟမ် (တနင်္ဂနွေည ရး၃၀ နာရီ)

ချယ်လ်ဆီးက ရာသီအဖွင့်မှာ မန်စီးတီးကို ရှုံးခဲ့ပြီး အဲဒီနောက်ကစားရတဲ့ ပွဲစဉ် ၅ ပွဲမှာ ပဲလေ့စ်တစ်သင်းတည်းကို သရေကျပြီး ပွဲတိုင်းနိုင်ခဲ့တယ်။ တိုက်စစ်ကတော့ သိသိ သာသာ တိုးတက်လာပြီး နောက်ဆုံး ၅ ပွဲမှာ ၁၅ ဂိုးတောင်သွင်းထားတယ်။ ကိုးလ်ပါလ်မာ အကောင်းဆုံးပုံစံရနေတယ်။ နော်တင်ဟမ်ကလည်း အားကောင်းတဲ့အသင်းပါ။ သရေခံ ကစားပုံလည်း ကျွမ်းကျင်တယ်။ ဒါပေမဲ့ ချယ်လ်ဆီးပဲ နိုင်မယ်။ 

ဘရိုက်တန် - စပါး  (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ဘယ်အသင်းက ခံစစ်လိုင်းက ပိုမြင့်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ ဒါပေမဲ့ စပါး ရဲ့ ခံစစ်ကစားပုံက ဘရိုက်တန်ထက်ပိုကောင်းပါတယ်။ ဟူဇယ်လာရဲ့အသင်းက မန်ယူ ကိုနိုင်၊ အာဆင်နယ်ကိုသရေကျတာက ချီးကျူးစရာဆိုပေမယ့် နောက်ပိုင်းပွဲတွေမှာ သရေ ပွဲတွေများလာပြီး ချယ်လ်ဆီးကိုလည်း ရှုံးခဲ့တယ်။ စပါးက ပိုကောင်းတဲ့ ပုံစံနဲ့ ပိုထက်မြက် တဲ့တိုက်စစ်၊ မာကျောတဲ့ကွင်းလယ်တွေရှိတယ်။ စပါးကို ကြိုက်တယ်။ 

Most Read

Most Recent