■ ချန်ပီယံလိဂ် ပွဲစဉ်-၂ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် ပွဲစဉ်-၂ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Photo: Arsenal
Photo: Arsenal
Published 1 October 2024

◘ အာဆင်နယ် - PSG (မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် ၁:၃၀ နာရီ)

PSG အသင်းက အင်္ဂလိပ်ကလပ်အသင်းတွေနဲ့ နောက်ဆုံး အဝေးကွင်းပွဲစဉ် ၃ ပွဲစလုံး ရှုံးခဲ့တယ်။ မန်စီးတီးကို နှစ်ကြိမ် ရှုံးခဲ့ပြီး မနှစ်ကလည်း နယူးကာဆယ်အသင်းကို ၄-၁ ဂိုးနဲ့  အပြတ်အသတ်ရှုံးခဲ့တယ်။ ဒီပွဲက PSG အသင်းအတွက်တော့ အင်္ဂလိပ်အသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အဆိုးရွားဆုံး အဝေးကွင်းရှုံးပွဲလည်း ဖြစ်တယ်။ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲတွေဆိုရင် ဆာကာရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကောင်းတယ်။ ၅ ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၇ ကြိမ် (၄ဂိုးသွင်း၊ ၃ ကြိမ်ဖန်တီး) အထိရှိတယ်။ ဒီပွဲလည်း လက်ရှိအချိန်မှာ Form မိနေတဲ့ အာဆင်နယ်က PSG ကို အိမ်ကွင်းမှာ အနိုင်ယူဖို့ များတယ်။

◘ ဘာစီလိုနာ - ယန်းဘွိုင်းစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် ၁:၃၀ နာရီ)

ယန်းဘွိုင်းစ်က ပြီးခဲ့တဲ့ တစ်ပတ်က ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးသွားခဲ့ပါတယ်။ ဒီပွဲမှာလည်း ဘာစီလိုနာကွင်းမှာ ယှဉ်ကစားဖို့ ခက်တယ်။ ဘာစီလိုနာက အိုဆာဆူနာအသင်းနဲ့ ပွဲမှာ အဓိကကစားသမားတွေ မပါဝင်နိုင်ခဲ့ဘဲ လာလီဂါမှာ ဒီရာသီ ပထမဆုံးရှုံးပွဲ တွေ့ခဲ့တယ်။ အခု နူးကမ့်ပွဲမှာတော့ ဘာစီလိုနာက သူတို့ရဲ့တုံ့ပြန်မှုကို ပြသလိမ့်မယ်လို့ မျှော်လင့်ရတယ်။ ခြေကလည်း တော်တော်လေး ကွာပါတယ်။ ဘာစီလိုနာ ဂိုးပြတ်မယ်။

◘ လေဗာကူဆင် - အေစီမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် ၁:၃၀ နာရီ)

အေစီမီလန်က နောက်ပိုင်းပွဲတွေမှာ Rhythm တော်တော်မိနေတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဇာဘီအလွန်ဆိုရဲ့အသင်းက ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲအထိ တက်ခဲ့ပြီး အေစီမီလန်ကလည်း ဒီဘက်နှစ်တွေမှာ ဥရောပအဆင့်အထိ ပုံစံကောင်းပြန်ပြလာတယ်။ အဖွင့်ပွဲတုန်းကတော့ အေစီမီလန်က ဆန်စီရိုမှာပဲ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့လို့ ဒီပွဲမှာ အမှတ်ရအောင် ကစားနိုင်ဖို့လိုတယ်။ လေဗာကူဆင်ကို အေစီမီလန် ယှဉ်ကစားနိုင်စွမ်းရှိပါတယ်။ သရေကျဖို့များတယ်။ အေစီမီလန်ကို ကြိုက်တယ်။

◘ ဒေါ့မွန် - ဆဲလ်တစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် ၁:၃၀ နာရီ)

ဆဲလ်တစ်က လျှော့တွက်လို့မရတဲ့အသင်းလို့ ပြောရမယ်။ ဆဲလ်တစ်ရဲ့ ဂျပန်ကစားသမားတွေက အရည်အသွေးမြင့်ကြတယ်။ အသင်းလိုက်ကစားဟန်လည်း ကောင်းတယ်။ ဒေါ့မွန် သာတာမှန်သလို အိမ်ကွင်းလည်းဖြစ်ပေမဲ့ အကြိတ်အနယ်ရှိနိုင်ပြီး ပွဲကောင်းနိုင်တယ်။ ဒေါ့မွန် ကပ်နိုင်မယ်။

◘ အင်တာမီလန် - ဇဗက်ဒါ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် ၁:၃၀ နာရီ)

မန်စီးတီးကို ကစားပြခဲ့တဲ့ အင်တာမီလန်ရဲ့ခြေစွမ်းက အထင်ကြီးစရာပါ။ အင်ဇာဂီရဲ့အသင်းက စီးရီးအေမှာ ပြသတဲ့ပုံစံထက် ဥရောပအဆင့်မှာ ပိုတောင် အားကောင်းသလို ခံစားရတယ်။ အသင်းမှာရှိတဲ့ ကစားသမားအင်အားကလည်း ဥရောပ ထိပ်တန်းအသင်းကြီးတွေကို ကောင်းကောင်းယှဉ်ကစားနိုင်တဲ့ အဆင့်အတန်းမျိုး ဖြစ်နေတယ်။ ဇဗက်ဒါက အောက်အသင်းတွေထဲမှာ မဆိုးဘူးလို့ ပြောလို့ရပေမယ့် အင်တာမီလန်နဲ့ ခြေကွာပါတယ်။ အင်တာမီလန် နိုင်ပွဲယူမယ်။ ဂိုးပြတ်မယ်။

◘ ဆလိုဗန် - မန်စီးတီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် ၁:၃၀ နာရီ)

ဆလိုဗန်က ပြီးခဲ့တဲ့ပွဲစဉ်တုန်းက စကော့တလန်မြေမှာ ဆဲလ်တစ်အသင်းကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဘယ်လိုမှ ယှဉ်ကစားနိုင်စွမ်းမရှိခဲ့ဘဲ ဆဲလ်တစ်အသင်းရဲ့တိုက်စစ်က စိတ်ကြိုက်ကစားတာကို ခံခဲ့ရတယ်။ ဒီပွဲက အိမ်ကွင်းပွဲစဉ်ဆိုပေမဲ့ မန်စီးတီး လိုအသင်းမျိုးကို ယှဉ်ကစားဖို့ဆိုတာ စဉ်းစားလို့တောင်မရဘူး။ မန်စီးတီးက ဒီပွဲမှာ ပရီးမီးယားလိဂ်ကို အဓိကထားကစားဖို့အတွက် ကစားသမားအချို့ အနားပေးပြီး ကစားပါလိမ့်မယ်။ ဒါပေမဲ့ မန်စီးတီးပဲ ဂိုးပြတ်သွင်းမယ်။

◘ အခြားပွဲစဉ်များ

ဆာလ်ဇ်ဘာ့ဂ် - ဘရက်စ်* (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၁၁:၁၅ နာရီ)

*စတုဂတ် - စပါတာပရပ်ဂ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၁၁:၁၅ နာရီ)

PSV - စပို့တင်းလစ္စဘွန်း* (မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် ၁:၃၀ နာရီ)

Most Read

Most Recent