တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီဖြစ်ကာ တရုတ်နိုင်ငံတွင် အဆိုပါမုန်တိုင်းကြောင့် နှစ်ဦး သေဆုံး

တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီဖြစ်ကာ တရုတ်နိုင်ငံတွင် အဆိုပါမုန်တိုင်းကြောင့် နှစ်ဦး သေဆုံး
တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ ဝင်ရောက်မှုကြောင့် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဝူရှီးမြို့တွင် ကားတစ်စီးပေါ်သို့ သစ်ပင်လဲကျနေပုံကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(Photo: AFP)
တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ ဝင်ရောက်မှုကြောင့် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဝူရှီးမြို့တွင် ကားတစ်စီးပေါ်သို့ သစ်ပင်လဲကျနေပုံကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(Photo: AFP)
Published 17 September 2024

တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာကြောင့် ရုတ်တရက်မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းမြို့ အနောက်မြောက်ဘက်၊ ၈၀ ကီလိုမီတာခန့်အကွာရှိ ကျိုးရှီမြို့၌ မြို့ခံနှစ်ဦး ဓာတ်တိုင်ပိကာ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ပြောကြားခဲ့သည်။

လတ်တလောတွင် တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာကြောင့် သေဆုံးသူအဖြစ်အတည်ပြုထားသူ နှစ်ဦးသာရှိကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်က တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာသည် ရှန်ဟိုင်းမြို့ကြီးနှင့် အနီးဝန်းကျင် ပြည်နယ်များအားအပြင်းအထန် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် လမ်းများ ရေမြုပ်ကာ သစ်ပင်များပြိုကျခဲ့ပြီး နေအိမ်အချို့တွင် ဓာတ်အားပြတ်တာက်မှုများ ဖြစ်ပွားခဲ့သည်။

ရှန်ဟိုင်းမြို့ရှိ ချုံမင်းကျွန်း၌လည်း ဒေသခံတစ်ဦး သစ်ပင်ပိခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဘီဘင်ကာသည် ၁၉၄၉ ခုနှစ်နောက် ပိုင်းအင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုများနှင့် ရုတ်တရက်မိုးသည်းထန်မှုများ မဖြစ်ပွားမီ လူပေါင်း ၄၁၄,၀၀၀ ကျော်အား ဘေးလွတ်ရာရွှေ့ ပြောင်းထားကာ စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။ ဒေသခံများကိုလည်း အ ဆောက်အအုံများထဲတွင်သာ နေထိုင်ကြရန် အကြံပြုထားပြီး လေယာဉ်ခရီးစဉ်များ၊ကူးတို့သင်္ဘောနှင့် ရထားခရီးစဉ်များကိုလည်း ယာယီရပ်ဆိုင်းခဲ့သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည်  ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ချိန်တွင် အားပျော့သွားပြီဖြစ်ကာ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီဝန်းကျင်၌ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီဖြစ်ကြောင်း သိရသည်။

အန်းဟွေး၊ ဟဲနန်၊ ဟဲပေ၊ ရှန်းတုန်းနှင့် ကျန်းဆူးပြည်နယ်တို့၏ နေရာဒေသအချို့တွင် မိုးသည်းထန်ခြင်းနှင့် ရုတ်တရက် မိုးကြီးခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထား သည်။ စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းအထိ မိုးရေချိန် ၂၀ စင်တီမီတာ( ၈ လက်မ)အထိ ရွာသွန်းနိုင်ကြောင်းလည်း သတိပေးထားသည်။

စက်တင်ဘာ ၁၆ ရက် ညနေခင်းက ရှန်ဟိုင်းမြို့တွင်လမ်းများကို ပြန်လည်ရှင်းလင်းနေပြီဖြစ်ကာ ယာဉ်အသွားအလာများလည်း ပုံမှန်အတိုင်း ပြန်လည်သွားလာနေပြီဖြစ်ပြီး ညပိုင်းတွင် ဓာတ်အားပေးဝေမှုများကို အပြည့်အဝပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။

တိုင်ဖွန်းဘီဘင်ကာသည်တိုင်ဖွန်းဂ လော်ရီယာပြီးနောက် ၇၅ နှစ်အတွင်း ရှန်ဟိုင်းကို ဝင်ရောက်တိုက်ခတ်သည့်အင်အား အပြင်းဆုံးမုန်တိုင်းဖြစ်ကာ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၅၀ ကီလိုမီတာဝန်းကျင်(၉၅ မိုင်နှုန်း)ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်းဘီဘင်ကာသည် ရှန်ဟိုင်းသို့ မဝင်ရောက်မီ စက်တင်ဘာ ၁၃ ရက်ကဖိလစ် ပိုင်နိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်းတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး စက်တင်ဘာ၁၄ ရက်အရုဏ်တက်ချိန်တွင် နိုင်ငံတွင်းမှထွက်ခွာခဲ့သည်။

တိုင်ဖွန်းကြောင်း လေတိုက်နှုန်းပြင်းထန်ပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ သစ်ပင်များလဲကျမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။  

Ref: AP

Most Read

Most Recent