ခရစ္စတန်ဆန်အား ယူရို ၂၅ သန်းဖြင့် ရောင်းထုတ်ရန် ဘာစီလိုနာအသင်း အသင့်ရှိ

ခရစ္စတန်ဆန်အား ယူရို ၂၅ သန်းဖြင့် ရောင်းထုတ်ရန် ဘာစီလိုနာအသင်း အသင့်ရှိ
Photo: Getty Images
Photo: Getty Images
Published 24 August 2024

 

ဘာစီလိုနာအသင်းသည် အသင်း၏ ဒိန်းမတ်နောက်ခံကစားသမား ခရစ္စတန်ဆန် အား ယူရို ၂၅ သန်းဖြင့် ရောင်းထုတ်ရန် အသင့်ရှိနေကြောင်း သိရသည်။ 

ဘာစီလိုနာအ သင်းသည် ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် အသင်းကစားသမားများကို မှတ်ပုံတင်ရန် ရုန်းကန်နေပြီး ကစားသမားအချို့ကိုရောင်းထုတ်ရန် စီစဉ်လျက်ရှိသည်။ 

ဘာစီလိုနာအသင်းသည် အသက် ၂၈ နှစ်အရွယ်ရှိ ခရစ္စ တန်ဆန်အား ၂၀၂၂ နွေရာသီတွင် ချယ်လ်ဆီးအသင်းထံမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်း သည် ယခုအခါ အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ခရစ္စတန်ဆန် အား ရောင်းထုတ်ရန် ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေးကို ယူရို ၂၅ သန်း သတ်မှတ်ထားကြောင်း သိရှိရသည်။ 

လက်ရှိတွင် ခရစ္စတန်ဆန်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent