ရာသီသစ်အတွက် မိမိတို့၏ရည်မှန်းချက်မှာ မော့တာနှင့်အတူ ခေတ်သစ်ထူထောင်ရန်နှင့် ချန်ပီယံဆုဖလားများကို စိန်ခေါ်နိုင်ရန်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းပိုင်ရှင် ပြောကြား

ရာသီသစ်အတွက် မိမိတို့၏ရည်မှန်းချက်မှာ မော့တာနှင့်အတူ ခေတ်သစ်ထူထောင်ရန်နှင့် ချန်ပီယံဆုဖလားများကို စိန်ခေါ်နိုင်ရန်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းပိုင်ရှင် ပြောကြား
Photo: X
Photo: X
Published 8 August 2024

ဂျူဗင်တပ်စ်ပိုင်ရှင် ဂျွန်အယ်လ်ကန်က မိမိတို့၏ရာသီသစ်အတွက်  ရည်းမှန်းချက်မှာ နည်းပြ မော့တာနှင့် ခေတ်သစ်ထူထောင်ရန်နှင့် ချန်ပီယံဆုဖလားများကို စိန်ခေါ် နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် အသင်းနည်းပြ အယ်လီဂရီကို ရာထူးမှထုတ်ပယ်ကာ ဘိုလော့ဂ်နာနည်းပြ မော့တာအား အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

ဂျွန်အယ်လ်ကန်သည် အက်ဂ်နယ်လီမိသားစု၏ အမွေဆက်ခံသူဖြစ်ပြီး Exor ကုမ္ပဏီ၏ဥက္ကဋ္ဌလည်းဖြစ်သည်။

၎င်းသည် အပြောင်းအရွှေ့ကိစ္စရပ်များတွင် ငွေကြေးလိမ်လည်မှုကြောင့် အနားယူခဲ့ရသည့် ညီအစ်ကိုဝမ်းကွဲဖြစ်သူ အန်ဒရီယာအက်ဂ်နယ်လီထံမှ ဂျူဗင်တပ်စ်အသင်းကို လွှဲပြောင်းရယူခဲ့သူ ဖြစ်သည်။

၎င်းသည် ဂျူဗင်တပ်စ်အသင်းနှင့် Next Gen အသင်းတို့ကစားခဲ့သည့် ခြေစမ်းပွဲကို လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်း၏ ရာသီသစ်မျှော်လင့်ချက်နှင့်ပတ်သက်ပြီး အယ်လ်ကန်က ''ကျွန်တော်တို့ရဲ့ရည်မှန်းချက်က မော့တာနဲ့အတူ ခေတ်သစ်ထူထောင်ဖို့နဲ့ ဆုဖလားတွေအတွက် ယှဉ်ပြိုင်ဖို့ပါပဲ။ ဂျူဗင်တပ်စ်အသင်းဟာ ဖြစ်နိုင်ခြေအများကြီးရှိတဲ့ လူငယ်နည်းပြနဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ရာသီသစ်က အသင်းအတွက်ရော မော့တာအတွက်ပါ ပြိုင်ဆိုင်မှု ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့စိတ်ကူးတွေက နည်းပြနဲ့အတူတူပါပဲ။ ကျွန်တော်တို့ဟာ ရာသီသစ်မှာ စီးရီးအေ၊ ကိုပါအီတာလီယာဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ လုပ်စရာတွေ အများကြီး ရှိပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent