ဘာစီလိုနာအသင်းထံ ပြန်လာခွင့်ရရန် အင်နီယေစတာ မျှော်လင့်နေ

ဘာစီလိုနာအသင်းထံ ပြန်လာခွင့်ရရန် အင်နီယေစတာ မျှော်လင့်နေ
Photo: X
Photo: X
Published 8 July 2024

ယူအေအီးကလပ် Emirates အသင်းတွင်ကစားနေသည့် ဘာစီလိုနာနှင့် စပိန်ဂန္ထဝင်ကွင်းလယ်လူ အင်နီယေစတာက တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဘာစီလိုနာအသင်းထံပြန်လာခွင့်ရရန်မျှော်လင့်နေကြောင်းဖွင့်ဟခဲ့သည်။

အသက် (၄၀)နှစ်အရွယ်ရှိပြီဖြစ်သည့် အင်နီယေစတာသည် အသက် (၁၂)နှစ်အရွယ် ၁၉၉၆ ခုနှစ်တွင် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီသို့ ရောက်ရှိလာခဲ့ပြီး နူးကမ့်ကွင်းတွင် ရှည်လျားသည့်ကစားသမားဘဝကိုဖြတ်သန်းကာ ၂၀၁၈ ခုနှစ်တွင်မှ ဘာစီလိုနာအသင်းကိုစွန့်ခွာခဲ့သူဖြစ်သည်။

အင်နီယေစတာသည် ဘောလုံးကစားခြင်းမှ အနားမယူသေးသော်လည်း အနာဂတ်အတွက် အစီအစဉ်များ ချမှတ်ထားပြီး နည်းပြအလုပ်မှာ ၎င်း၏နောက်ထပ်ခြေလှမ်းသစ် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အင်နီယေစတာက''ဘာစီလိုနာအသင်းထံပြန်လာရတာကို ကျွန်တော်မြတ်နိုးပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ပြန်လာမလဲဆိုတာ ကျွန်တော်မသိသေးပါဘူး။ ကျွန်တော့်ရဲ့နောက်ထပ်ခြေလှမ်းက နည်းပြအလုပ်ပါ'' ဟုဆိုခဲ့သည်။

Most Read

Most Recent