ယူကရိန်းဂိုးသမားလူနင်အား ရီးယဲလ်မက်ဒရစ်အသင်းရောင်းချဖွယ်ရှိနေပြီး စပိန်ဂိုးသမားကယ်ပါအား စာချုပ်သစ် ထပ်မံချုပ်ဆိုသွားရန်စီစဉ်နေ

ယူကရိန်းဂိုးသမားလူနင်အား ရီးယဲလ်မက်ဒရစ်အသင်းရောင်းချဖွယ်ရှိနေပြီး စပိန်ဂိုးသမားကယ်ပါအား စာချုပ်သစ် ထပ်မံချုပ်ဆိုသွားရန်စီစဉ်နေ
Photos: X
Photos: X
Published 20 June 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ ဒုတိယဂိုးသမားဖြစ်သူ ယူကရိန်းဂိုးသမားလူနင်အား လာမယ့်နွေရာသီတွင် ရောင်းချဖွယ်ရှိနေပြီး ၎င်း၏ နေရာအတွက် ချယ်လ်ဆီးအသင်းမှ စပိန်ဂိုးသမား ကယ်ပါအား တစ်ရာသီအငှားစာချုပ်ဖြင့်ထပ်မံခေါ်ယူဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင်ဂိုးသမားလူနင်သည် ပြီးခဲ့သည့်ရာသီက ဘယ်လ်ဂျီယံဝါရင့်ဂိုးသမား ကော်တိုအာ ကာလရှည်ဒဏ်ရာရနေသည့် ရီးယဲလ်အသင်းအတွက် ပထမဂိုးသမားအဖြစ်ပွဲထွက်ခွင့်ရကာ လက်စွမ်းပြနိုင်ခဲ့သော်လည်း ကော်တိုအာ ပြန်လည်သက်သာလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရဖွယ်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် လူနင်အနေဖြင့်  ပုံမှန်ပွဲကစားခွင့်ရရန်အတွက် လာမည့်နွေရာသီတွင် ရီးယဲလ်အသင်းကိုစွန့်ခွာဖွယ်ရှိနေပြီး ရီးယဲလ်အသင်းအနေဖြင့် ကစားသမား၏ဆန္ဒကို ဦးစားပေးသွားဖွယ်ရှိနေကြောင်းသိရသည်။

သို့ဖြစ်ရာ ရီးယဲလ်အသင်းသည် လာမည့်ရာသီ အသင်း၏ဒုတိယဂိုးသမားနေရာအတွက် ပြီးခဲ့သည့်ရာသီက တစ်ရာသီအငှားခေါ်ယူခဲ့သည့် ချယ်လ်ဆီးဂိုးသမားကယ်ပါအား နောက်ထပ်တစ်ရာသီ ထပ်မံအငှားခေါ်ယူသွားရန်စီစဉ်နေပြီး ဆွေးနွေးမှုများပြုလုပ်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။

Most Read

Most Recent